Chapter 149(U&Z)

1.3K 100 0
                                    

Unicode

အခန်း(၁၄၉)ဒါပေမယ့် မင်းက ကိုယ့်ရဲ့မိန်းကလေးလေ-၁

ချန်ရှုံ့ချီသည် စကားပြောနေသော သတင်းသမားကို စိုက်ကြည့်နေပြီး 'မင်းအလုပ်လား'ဟူသော အကြည့်မျိုး နှင့် ပြောလာသည်။

"အဲလိုလုပ်တာနဲ့ပတ်သတ်ပြီး ပြဿနာတစ်စုံတစ် ရာများ ရှိနေလို့လား? ငါ ဘယ်လောက်အလုပ်ရှုပ်နေနေ

သူမကိုတော့ လိုက်ပို့ပေးနိုင်တယ်"

ဘယ်လိုတောင် ဗိုလ်ကျလွန်းတဲ့အဖြေလဲ,

Boyfriend power max!

ထိုသတင်းထောက်ခမျာ သူ၏မကျေမချမ်းဖြစ်နေ သောအသံကို ကြားလိုက်ရသောအခါ အမြန်ပြောလာရှာ သည်။

"ဟုတ် ဟုတ်ပါတယ်ဗျ, မှန်ပါတယ် ဉက္ကဌချန်, ဉက္ကဌချန်က တကယ့်ကို အရေးထားတတ်ပါပေတယ်"

ချန်ရှုံ့ချီသည် ထိုသတင်းထောက်နှင့် အပြန်ပြန် အလှန်လှန် ပြောမနေချင်တော့ပေ။ သူ တစ်စုံတစ်ရာ ထပ်ပြောခဲ့လျှင် သူတို့ ဘယ်လိုတွေ ရေးကြတော့မလဲဆို တာ မသိနိုင်ပေ။ ထို့ကြောင့် စုယာယာရဲ့လက်ကို ဆွဲ၍ အခြားသတင်းထောက်တွေကို ပြောလိုက်၏။

"ကျေးဇူးပြုပြီး ငါတို့အလျင်လိုနေလို့ပါ.. တစ်ဆိတ် လောက်"

အချို့သော သတင်းထောက်များက ဖယ်ပေးဖို့ရာ အင်တင်တင်ဖြစ်နေပြီး စကားအစ်ချင်နေကြသေးသည်။

"ကျွန်တော်တို့ နောက်ထပ်မေးခွန်း နည်းနည်း လောက် ထပ်မေးလို့ရမလားဗျ? နောက်ဆုံးတစ်ခေါက် မစ်စု 'အလှလေးနဲ့လျှာကဝေ' အစီအစဉ်မှာ ပါဝင်ခဲ့စဉ် တုန်းက ခင်ဗျားက သူမကို ခုထိ ပရိုပို့စ်မလုပ်ရသေး ကြောင်းပြောခဲ့တယ်... ဘယ်အချိန်မှာ လက်ထပ်ဖို့ စီစဉ် ထားကြလဲဗျ? မစ္စတာချန်, Charity Dinner မှာတုန်းက ကတ်ရှ်မီးယားနီလာကျောက်ကို ၅.၂မီလီယမ်သုံးပြီးဝယ် ခဲ့တယ်နော်.. ဆိုတော့ အဲဒါကို မစ်စုထံ ပရိုပို့စ်လုပ်ရာမှာ သုံးဖို့စီစဉ်ထားသလားဗျ?"

ချန်ရှုံ့ချီက ထိုလူအား အေးစက်စက်အကြည့်တစ် ချက်ပေးကာ ခံစားချက်မပါသော မျက်နှာထားမျိုးနှင့် ပြန်ဖြေ၏။

"ဒါက ငါ့ရဲ့ကိုယ်ပိုင်ကိုယ်ရေးကိုယ်တာကိစ္စပါ မဖြေ ပေးနိုင်ပါဘူး!"

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now