Chapter 148(U&Z)

1.4K 120 0
                                    

Unicode

အခန်း(၁၄၈) ဉက္ကဌချန်၏ချစ်သူကောင်လေးပါဝါ ပွင့် အန်ထွက်လာခြင်း -၃

သေချာပေါက်ပဲ။ ဉက္ကဌချန်ဟာ မစ်စုနဲ့ပတ်သတ်ပြီး အတည်ဖြစ်နေ၏။ သူတို့နှစ်ယောက် ရက်အနည်းငယ် အတွင်းမှာပင် လက်ထပ်တော့မည်အလားပင်။ အဲလိုသာ ဆို ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ!

နေ့လည်ခင်းမှာတော့ ချန်ရှုံချီသည် သူ အလုပ်ပြီး သွားရင် စုယာယာကို အိပ်ပြန်ကားမောင်းပို့ပေးပေမည်။ အိမ်မှာ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် ကလေးတွေ မရှိတော့လျှင် သူတို့နှစ်ယောက် စူပါမား ကတ်ဆီ သွားကာ သူတို့ကို အခြားသူတွေ မမှတ်မိ အောင်အလို့ငှာ မျက်မှန်တွေမက်စ်တွေနှင့် ရုပ်ဖျက်ကြ ပေမည်။ ထို့နောက် သူတို့ ဝယ်လာသည့်အရာတွေကို အိမ်သို့သယ်လာပြီး ညစာအတူတူချက်ပြုတ်ကြပေမည်။

ဒီသူတို့အတူတူ တစ်ယောက်နှင့်တစ်ယောက် ပူး သပ် ကပ်တွယ်ပြီး နေနေတဲ့အချိန်သုံးရက်က အလွန် မြန်မြန်ဆန်ဆန်နှင့်ကုန်ဆုံးသွားခဲ့သည်။ စုယာယာသည် မကြာခင်မှာ ရိုက်ကွင်းသို့ ပြန်သွားရတော့မည်ဖြစ်ပြီး အနည်းဆုံးတော့ လပေါင်းများစွာ ကြာပေလိမ့်မည်။

မနေ့ညက ချန်ရှုံ့ချီသည် စုယာယာကို အနည်းငယ် ဆော့ကစားဖို့အတွက် အိပ်ရာပေါ် ဆွဲခေါ်သွားခဲ့ပြီး နောက်ဆုံးမှာတော့ စုယာယာမှာ ညှာတာပေးဖို့အတွက် ငိုယိုတောင်းပန်ရသည်အထိ ဖြစ်သွားခဲ့ပေမယ့် ချန်ရှုံ့ချီ ကတော့ လွှတ်မပေးသေးချေ။ ထပ်ဖန်တလဲလဲ သူက သူမ နား,နားလေး ကို တီးတိုးပြောလို့နေသည်။

"ရှူး... နောက်ဆုံးတစ်ကြိမ်ပဲနော် ယာယာ"

သူမရဲ့နား,နားသို့ ကပ်၍ပြောနေတယ်ဟု ခံစားနေရ သော်လည်း ကောင်းကင်အမြင့် တစ်နေရာမှ ပြောနေ သည်အလားပင်။ အသံကတော့ တကယ့်ကိုနောက်ထပ် တစ်ကြိမ် ရှိမလာတော့မည်အလား ထင်ရ၏။

သူမ သူ့ကို‌ သေချာပေါက် ဒီအတွက် အတိုးနဲ့ပြန် ဆပ်ခိုင်းမယ်။

နောက်တစ်နေ့မနက်ခင်းမှာတော့ ချန်ရှုံ့ချီသည် စု ယာယာကို လေဆိပ်လိုက်ပို့ပေး၏။ သွမ့်ရှောင်ယွီက သူမ စုယာယာကို လာကြိုပေးမယ်ဟု ပြောခဲ့သော်လည်း ချန်ရှုံ့ချီက သူမကို လေဆိပ်သို့တန်းပို့ပေးဖို့ အခြားတစ် ယောက်ကို စီစဉ်ပေးခဲ့ကာ သူတို့လေဆိပ်မှာ ဆုံကြမည် ဖြစ်ကြောင်းပြော၏။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now