Chapter 155+156+157(Unicode)

1.3K 90 4
                                    

အခန်း(၁၅၅)ဒူးရင်းသီး-၁

ချန်ရှုံ့ချီသည် မှောင်မဲနေသောမျက်နှာထားနှင့် စုယာယာထံ ဖုန်းခေါ်ဖို့ရာ ဖုန်းကိုထုတ်လိုက်သည်။ သို့သော် လိုင်းကတော့ အားမနေခဲ့ပါ။

ဒီလိုအချိန်မျိုးမှာတောင် ဘယ်လိုဖြစ်လို့ လိုင်းမအား ဖြစ်နေရတာလဲ?

ချန်ရှုံ့ချီက မျက်မှောင်ကုတ်သွားခဲ့ပေမယ့် ဖုန်းကို ချလိုက်၍ ခဏလောက်စောင့်လိုက်သည်။ မိနစ် အနည်း ငယ်ခန့်နေတော့ သူက ထပ်ခေါ်ခဲ့သည်။ ဒီတစ်ကြိမ် မှာတော့ တီတီ အသံနှစ်ခါကြားရပြီးနောက် စုယာယာက ဖုန်းကိုင်ခဲ့၏။

"လောင်ကုန်း..."

"မင်း ဘာလုပ်နေတာလဲ? အဲ့ကိစ္စဖြစ်ပြီးနောက် ဘာဖြစ်လို့ ကိုယ့်ကို အရင်ဆုံးဖုန်းမဆက်ရတာလဲ?"

ချန်ရှုံ့ချီသည် စုယာယာရဲ့အသံကို ကြားလိုက်ရချင်း ပဲ သူ့နှလုံးသားထဲမှာ မီးတောက်တစ်ခုက တမြိုက်မြိုက် လောင်ကျွမ်းနေသလို ခံစားလိုက်ရပြီး သူမကို ဆူပူမိ တော့သည်။

"ငါမင်းကို ဘာပြောခဲ့လဲ? တစ်ခုခုဖြစ်ရင် ငါ့ကို အရင်ဆုံးပြောရမယ်လို့ မသွားခင်က မပြောခဲ့ဘူးလား? ဘာဖြစ်လို့ ငါ့ကိုမပြောတာလဲ? လက်ထောက်ချန်သာ မပြောပြခဲ့ရင် ငါသိတောင်သိလိုက်ပါ့မလား? ငါ့ဆီကနေ ဘယ်လောက်ထိဖုံးကွယ်ထားဖို့ စီစဉ်ထားတာလဲ?"

ရုံးခန်းထဲမှာ သူမ ရိုက်ကူးရေးအဖွဲ့မှာသုံးတဲ့စင်နဲ့ ရိုက်မိမလိုဖြစ်သွားတယ်လို့ သူ ကြားလိုက်ရတုန်းက လန့်လွန်းလို့ သူ့နှလုံးသားတောင် ထွက်ကျတော့မလို့။ သူမဆီမှာ တစ်ခုခုများဖြစ်သွားရင် ဘယ်လိုလုပ်မလဲဆို တာ သူ့မှာ စိတ်ပူလိုက်ရတာ? နာကျင်နေလေမလား? ဒဏ်ရာကရော ပြင်းထန်နေမလား? အဲ့အတောအတွင်း မှာ သူမကတော့ သူ့ဆီ ဖုန်းလေးတစ်ချက်တောင် မဆက်ခဲ့။ သူ ဆက်တဲ့အခါကျတော့လည်း လိုင်းက မအား။ သူမက သူ့ကို စိတ်တိုရအောင် တမင်တကာများ လုပ်နေသလားမသိ?

သူ အဲ့အကြောင်းကို တွေးလေလေ ပိုစိတ်တိုရလေ ပိုစိတ်ပူမိလေပဲ။ ချန်ရှုံ့ချီမှာ စိုးရိမ်ပူပန်မိပြီးသူ့ရင်ဘတ် ကို ကြောင်တစ်ကောင်က ကုတ်ခြစ်နေသလို ခံစားနေရ သည်။ ဖုန်းခေါ်လို့ရလိုက်သည်နှင့် ထိန်းမထားနိုင်တော့ ဘဲ စုယာယာထံ အကုန်ဖွင့်ထုတ်လိုက်မိသည်။ သူ အရမ်းကိုစိတ်တိုနေပါသည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now