Chp 266-270 (Unicode)

1.1K 71 3
                                    

အခန်း(၂၆၆)ချန်ရှုံ့ချီ၏မိခင်-၃

စွမ်ချင်၏မျက်နှာထက်မှာ အပြုံးချိုချိုလေးတစ်ပွင့် နှင့် သူမက ပြောလာခဲ့သည်။

"မိသားစုထဲမှာ အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့တဲ့ ကျောက်စိမ်းလက်ကောက်"

"အို?"

နေရာမှာတင် တောင့်တင်းသွားသောသူမကို မြင် တော့ စွမ်ချင်က ပြုံးကာ လက်ကိုပုတ်ပေးသည်။ သူမက ပြော၏။

"ယူပြီး ဝတ်ထားလိုက်.. ဒါက မားတို့ချွေးမတွေ အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ကျောက်စိမ်း လက်ကောက်ပဲ.. မား ရှုံ့ချီရဲ့အဖေကို လက်ထပ်ခဲ့တုန်း က သူ့အဘွားက မားကို သူကိုယ်တိုင်ပေးအပ်ခဲ့တာလေ ..နောက်တော့ သူ့အဘွားဆုံးသွားပြီး မားနဲ့ရှုံ့ချီရဲ့ အဖေတို့ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးကြတော့ ရှုံ့ချီ ရဲ့အဘိုးက ပြန်ယူဖို့သဘောမတူခဲ့ဘူး.. မားကို ဆက် ထိန်းသိမ်းခိုင်းခဲ့တာ.. ရှုံ့ချီလက်ထပ်တော့ မားက သူ့ ဇနီးလောင်းဆီ ဒီလက်ကောက်လေးကို လက်လွှဲပေးရ မှာလေ.. အခုဆို သမီးဆီကို ပေးအပ်ဖို့အချိန်ရောက်လာ ခဲ့ပြီ။

စုယာယာသည် လက်ထဲမှာ လက်ဝတ်ရတနာဘူးကို ကိုင်ထားရင်း ထိုအရာက အရမ်းကိုတန်ဖိုးကြီးလွန်းနေ သလိုခံစားနေရသည်။ မျိုးဆက်တွေ တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့တဲ့ ကျောက်စိမ်းလက်ကောက်ပဲ။

စွမ်ချင်က ပြုံး၍ပြောသည်။

"ဖွင့်ပြီး ကြည့်ကြည့်လိုက်ပါဉီး"

စုယာယာသည် ထိုကဲ့သို့တောင်းဆိုလာတော့ လက် ဝတ် ရတနာဘူးကို ဖွင့်ကြည့်လိုက်သည်။ အထဲမှာက သိုးအဆီကျောက်စိမ်းလက်ကောက်တစ်ကွင်း။ (mutton fat jade bracelet, မြန်မာလို မသိလို့ တိုက်ရိုက်ယူရေးလိုက်တာပါ။ သိရင် ပြောပြပေးကြပါဉီး နော်။ ပြန်ပြင်ပေး ပါ့မယ်) အလင်းရောင်ရဲ့အောက်မှာဆို အရောင်ပြေပြေလေး လင်းနေသည်မှာ အထဲမှာ ရေတွေ စီးဆင်းနေသည့်နှယ်။ ကြည့်လိုက်ရုံနဲ့တင် ဈေးကြီးမှန်း သိသာလှသည်။

စွမ်ချင်သည်လက်လှမ်းယူပြီး ဘူးထဲမှလက်ကောက် ကို ထုတ်ကာ စုယာယာ၏လက်မှာ ဝတ်ပေးဖို့လုပ်သည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now