Chapter 154 (U&Z)

1.2K 99 3
                                    

Unicode

အခန်း(၁၅၄)ဘာဖြစ်လို့ သူမကို မသတ်ခဲ့တာလဲ?-၂

သူတို့ရဲ့ဒဏ်ရာရသွားတဲ့အကြောင်း အဖွဲ့ကနေ ပို့ လိုက်တဲ့သတင်းကို တွေ့ပြီး သူမ အခြေအနေဘယ်လို လဲဆိုတာကို မေးဖို့ ဖုန်းဆက်တာများလား?

စုယာယာစဉ်းစားနေတုန်းမှာ ဖုန်းက ကျသွား၏။ စုယာယာသည် အကြောင်းပြချက်အချို့ကြောင့် စိတ် သက်သာရာ,ရသွားမိသည်။ တကယ်တော့ ခုချိန်မှာ ယန်ကျွင်ရိရဲ့ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်ဖို့ အနည်း ငယ် ကြောက်ရွံနေမိသည်။ အခု ဖုန်းမြည်သံက ရပ်သွား တော့ သူမ စိတ်သက်သာရာရမိပေမယ့် ဘာကြောင့်မှန်း တော့ သူမ မသိချေ။

သို့သော် ထိုအတွေးကို တွေးလိုက်မိချင်းပင် ဖုန်းက ထပ်မြည်လာခဲ့သည်။ ယန်ကျွင်ရိပဲဖြစ်၏။ ဖုန်းမြည်သံ က သူမ မကိုင်မချင်းမရပ်တော့မည့်အလား။ ကူကယ်ရာ မဲ့စွာနှင့် ခေါင်းကိုကုတ်လိုက်မိပြီး ဖုန်းကိုင်လိုက်ရသည်။

"ဟယ်လို?"

"ယာယာ, ကိုယ် မင်းဒဏ်ရာရသွားတယ်လို့ ကြားလို့ .. စိုးရိမ်ရလား?"

ယန်ကျွင်ရိ၏အသံက အလွန်အမင်း စိုးရိမ်နေသည့် ပုံပင်။ သို့သော် စုယာယာကတော့ သူမရဲ့အထင်မှားမှု ကြောင့်လားတော့မသိပေ။ ဒါပေမယ့် သူ့အသံထဲက သတိထားနေမှု အရိပ်အယောင်တို့ကို ကြားလိုက်ရ၏။ သူမ ဖုန်းချသွားမည်ကို စိုးနေသလိုမျိုး။

စုယာယာက ပြန်ဖြေလိုက်သည်။

"အဆင်ပြေပါတယ် အဆင်ပြေပါတယ်.. သိပ် ကြီးကြီးမားမား မဟုတ်လို့ မစိုးရိမ်ပါနဲ့.. ရက်နည်းနည်း လောက် နေရင် ပြန်ကောင်းသွားမှာပါ"

သူမက အရမ်းကိုသာမာန်ကာလျှံကာဖြေလိုက်ပြီး တကယ် အဆင်ပြေနေသလိုမျိုး မြူးထူးနေမှုအရိပ် အယောင်ကိုပင် ကြားနေရသည်။ သို့သော် ဒါ အမှန်ပင် ဖြစ်၏။ တကယ်လည်း ဘာမှသိပ်မဖြစ်သွားခဲ့ဘူးလေ။

သူမရဲ့အသံကိုကြားသောအခါ ယန်ကျွင်ရိဘက်က ခဏလောက် တိတ်ကျသွားခဲ့၏။

"မင်း ဘေးကင်းတယ်ဆို ရပါပြီ"

"အင်း"

စုယာယာက ပြန်ပြောသည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now