Chp 199 (U&Z)

1.1K 87 6
                                    

Unicode

အခန်း(၁၉၉)ကွာရှင်းစာချုပ်-၁

သူတို့နှစ်ဉီးသည် အမှန်တကယ်ပင် ချစ်ကြွမ်းဝင် နေခဲ့ကြပြီး အတူတူ လှပသောအတိတ်ကာလတစ်ခုကို ပိုင်ဆိုင်ခဲ့သည်ဟု ချန်ရှုံ့ချီထင်ခဲ့ပါသော်လည်း အခုကျ တော့ ဒါတွေ အားလုံးဟာ အတုအယောင်တွေပါတဲ့။ ဘယ်လိုကြောင့် ဒီလို ဖြစ်လာခဲ့ရသလဲဆိုတာ သူ နားမလည်နိုင်တော့ပါ။ စိတ်ဆိုးပါသည်။ ဒေါ်သထွက်ပါ သည်။ နာကျင်ပါသည်။ လက်ခံဖို့ရာ ခက်ခဲလှပါသည်။

တောင်ထိပ်မှာ မတ်တပ်ရပ်နေခဲ့ပြီး သူ့ကို ဖြတ် တိုက်သွားသော လေများကို ခွင့်ပြုထားလိုက်သည်။ တစ်ယောက်တည်း ထွက်ပြေးသွားသော စုယာယာ၏ မြင်ကွင်းဟာ သူ၏စိတ်တို့ထဲ အကြိမ်ကြိမ် ပြန်လည် မြင်ယောင်နေခဲ့၏။ ဒေါသအစိုင်အခဲကို ချုပ်ထိန်းထား ရင်း ရွီခိုင်, စုန်မင်နှင့် ကျောင်ချန်ကွမ်တို့ကို ဖုန်းဆက် ခေါ်လိုက်သည်။ "သောက်ဖို့ထွက်ခဲ့ကြ" ဟု တစ်ခွန်း တည်းသာ ပြောခဲ့လိုက်၏။

ရွှီခိုင်,စုန်မင်နှင့် ကျောင်ချန်ကွမ်တို့သည် ခုလေးတင် ပါတီပြီးလို့ အိမ်ပြန်ရောက်ကာစသာ ရှိသေးသည်။ ဆေး ကြောသန့်စင်၍ အိပ်ယာပေါ်တက်လို့ အိပ်စက်တော့ မည့်အချိန်မှာ ချန်ရှုံ့ချီဆီမှ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ကြ၏။

ရွှီခိုင်က ဟာသလုပ်၍ပြန်ပြောလိုက်သည်။

"ဟျောင့်ကြီး, မင်းပဲ အရေးတကြီးလုပ်စရာရှိလို့ မလာတော့ဘူးလို့ ဆုံးဖြတ်ထားတာမဟုတ်ဘူးလား? ငါ ခုလေးတင် အိမ်ပြန်ရောက်တာဟ.. မင်းက ထပ်ခေါ်ပြန် ပြီ"

"ထွက်လာခဲ့"

ချန်ရှုံ့ချီက ဒေါသတကြီး တုံ့ပြန်၏။ ရွှီခိုင်၏နှလုံး သားမှာ ထိတ်ခနဲ ခုန်သွားခဲ့သည်။ ချန်ရှုံ့ချီ၏လေသံအရ ကောင်းသည့်အရာတော့ ဖြစ်ဟန်အတူ။ သူတစ်ခုခု ဖြစ် ခဲ့လို့လား? ဒီအခြေအနေမျိုးသည် အန်ယွီထုန် မရမက နိုင်ငံခြားသွားမည်ဟုလုပ်တုန်းက တစ်ခေါက် ဖြစ်ပေါ်ခဲ့ ဖူးသည်လေ။ ရွှီခိုင်သည် ချန်ရှုံ့ချီနှင့်အတူ ကြီးပြင်းလာခဲ့ သူဖြစ်သည်။ ထို့ကြောင့် သူ့ကို ကောင်းကောင်းကြီးသိ သည်! အသက်ရှင်လိုသည့်စိတ်ဆန္ဒတို့နှင့် အလျင်စလို ပြောလိုက်ရသည်။

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now