Unicode
အခန်း(၁၉၆)လက်ထပ်ခွင့်တောင်းခြင်း-၂
သူ အိမ်ပြန်ရောက်ချိန်မှာတော့ ၁၁နာရီလောက် ရှိ နေခဲ့ပြီ။ တံခါးကိုဖွင့်၍ အိမ်ထဲသို့ဝင်ဝင်ချင်းပဲ သူတွေး ထားခဲ့သည့်အတိုင်း။ အိမ်ထဲမှာ ဖျော်ဖြေရေးရှိုးပွဲကို ကြည့်နေသည့်စုယာယာကို တွေ့လိုက်ရသည်။ သူမ လေးသည် စိတ်ဝင်တစားနှင့်ကြည့်နေခဲ့ပြီး အသံတွေ ထွက်အောင်ပင် တခစ်ခစ်ရယ်နေခဲ့၏။ သူအိမ်ပြန်လာ သည်ကိုပင် တက်တက်ကြွကြွ မကြိုဆိုခဲ့ပေ။
ဟုတ်တာပေါ့။ သူသည်လည်း စိတ်ပျော်နေခဲ့သည့် အခြေအနေကြောင့် သူrနှင့် စကားများကပ်သပ်မနေခဲ့ တော့ချေ။ သူမကို ပြောစရာရှိကြောင်း ပြောခဲ့ပြီး စု ယာယာကလည်း ပူပေါင်းပါဝင်ပေးခဲ့သည်။ နောက် တော့ သူမကို အပြင်ခေါ်လာခဲ့သည်။
ကားကို ရှင်းဖုတောင်ခြေဆီ မောင်းသွားလိုက်၏။ ကားမှန်တံခါးကိုဖြတ်၍ စုယာယာသည် ရိပ်ခနဲ ဖြတ် ကျော်လာခဲ့သောသစ်ပင်များကို ကြည့်နေခဲ့သည်။ ကား သည် တောင်တက်လမ်းအတိုင်း တက်လာခဲ့ပြီး အခုဆို တောင်ထိပ်ကို ရောက်လုနီးနီးရှိနေပြီ။
စုယာယာသည် စိတ်ထဲမှာတော့ အူးမြူးနေခဲ့၏။ ညကြီးမင်းကြီး တောင်ပေါ်မှာ သူမရဲ့အလောင်းကို စွန့် ပစ်နိုင်ခြေ တကယ်ကြီးရှိတာပဲ။ အနည်းဆုံးတော့ စိတ် ကူးကြည့်မယ်လေ။
နောက်ဆုံးတွင် ကားသည် ရှင်းဖုတောင်ထိပ်တွင် ရပ်သွားခဲ့ပြီးနောက် ကားကိုပါကင်ထိုးဖို့ နေရာတစ်ခု ရှာရသည်။ ချန်ရှုံ့ချီသည် ကားတံခါးကိုဖွင့်ရင်း အရင် ထွက်လိုက်ပြီး တစ်ဖက်သို့လျှောက်သွားကာ တစ်ဖက်ရှိ ကားတံခါးကိုဖွင့်ပေးသည်။ စုယာယာထံ လက်ကိုဆန့် ထုတ်ပေး၍ သူမ၏လက်ကလေးကို ကိုင်ကာ ကားထဲမှ ထွက်စေသည်။
ချန်ရှုံ့ချီသည် စုယာယာအား သူပြင်ဆင်ထားသည့် နေရာသို့ခေါ်လာခဲ့သည်။ မြက်ခင်းပြင်တွင် နှင်းဆီနီ ရောင်စားပွဲခင်းနှင့် ခင်းကျင်းထားသော စားပွဲရှည်ကြီး တစ်လုံးရှိနေခဲ့၏။ စားပွဲ၏အလည်မှာ ဝိုင်နီတစ်လုံးနှင့် ဖယောင်းတိုင် တစ်တိုင်ကိုလည်း ချထားပြီး နှင်းဆီပန်း အကြီးကြီး တစ်စီးကိုလည်း ချထား၏။