Chp 208 (U&Z)

1.1K 95 6
                                    

Unicode

အခန်း(၂၀၈) ငါ့ကိုအပြစ်တင်နေသေးလားဟင်?-၂

အချက်ကျကျဆို သူမတွေးထားသည်ထက် ပို၍ ပြည့်စုံနေပေသည်။ ချက်ချင်းပင် စိတ်တို့ လှုပ်ရှားသွား သည်။

ပိုင်ရှင်နှင့် စကားပြောရတော့သည်။

"Agritourismကို ဘယ်လောက်နဲ့ရောင်းဖို့စီစဉ်ထား လဲရှင့်?"

ပိုင်ရှင်က လက်ဟန်ခြေဟန်ဖြင့်ပြော၏။

"၁၂ မီလီယမ်"

စုယာယာသည် ဈေးနှုန်းကို သိလိုက်ရသောအခါ အနည်းငယ် မျက်ခုံးတို့ ကြုံ့သွားခဲ့ပြီး ရယ်လိုက်၏။

"လောပန်, ရှင့်ဈေးနှုန်းက တော်တော်လေးများတာ ပဲ!"

ပိုင်ရှင်ကြီးက ချက်ချင်းပင် ခေါင်းခါပြ၏။

"မများပါဘူးမများပါဘူး.. ငါ့ရဲ့ပစ္စည်းတွေက အရည် အသွေးအကောင်းတွေချည်းပဲ.. အလှဆင်ခြင်းနဲ့ အခြား အရာတွေအတွက် အကောင်းဆုံးဆိုတာတွေချည်းပဲ သုံး ထားတာပါ.. နောက်ပြီး ဒီမှာ လာရောက်တဲ့ဧည့်သည် လည်း များတယ်.. Agritourismကနေ လတိုင်း ဝင်ငွေ များများရနိုင်ပါတယ်.. ငါပြောတာမယုံရင် ငါလိမ်ပြော မပြောဆိုတာ လိုက်ကြည့်လို့ရတယ်"

ထို့အတွက်ကြောင့် စုယာယာသည် ဂရုတစိုက် လိုက် လေ့လာလိုက်သည်။ ပိုင်ရှင်ကြီးပြောခဲ့သလိုပင် အသုံးအဆောင်များနှင့် အသစ်ပြုပြင်တည်ဆောက်ထား မှုများက အရည်အသွေးအကောင်းတွေသာ ဖြစ်သည်။ အကောင်းဆုံးပစ္စည်းများကို သုံးထားပြီး လာရောက်သူ ဧည့်သည်လည်း များ၏။ အမြဲလိုလို စားပွဲပေါင်းများစွာ ချထားရ၏။ ပိတ်ရက်တွေမှာဆို လူပိုများပေသည်။ လာ ရောက်လည်ပတ်သူမရှိမှာ စိုးရိမ်ဖို့မလိုချေ။ စီးပွားလည်း ဖြစ်ထွန်း၏။ စုယာယာ စိတ်လှုပ်ရှားသွားသည်။

မည်သို့ပင်ဆိုစေကာမူ Agritourism တစ်ခု ဒီလောက် လွယ်လွယ်နှင့် ရောင်းထွက်ဖို့မဖြစ်နိုင်ပေ။ ဘာပဲပြောပြော ဈေးကြီးသည်မဟုတ်လား။ စုယာယာ က ပိုင်ရှင်လူကြီးအား ပြောလိုက်၏။

"အလျော့အတင်းလေးတော့ လုပ်ပါဉီး, လောပန်, ဈေးလေးနည်းနည်းလောက် လျှော့ပေးပါလား..ငွေသား နဲ့ လက်ငင်းချေမယ်လေ"

အမျိုးသားဇာတ်လိုက်၏အစားထိုးခံဇနီးကညာ(Completed)Where stories live. Discover now