[4]

5.7K 805 5
                                    

[Unicode]

004:ယောက္ခမဆိုးပဲ..ဟမ့်!

လက်စွပ်သည် သေးငယ်တဲ့မှဲ့နက်လေးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ချင်မျန်၏ဘယ်ဘက်လက်ကောက်ဝတ်တွင် ပေါ်လာခဲ့သည်။လက်ရှိချင်မျန်မှာလည်း သူ့ရဲ့ဘယ်ဘက်လက်ကောက်ဝတ်မှာ မှဲ့သေးသေးလေးရှိနေ၏။တိုက်ဆိုင်မှုဖြစ်နိုင်သလို လျှို့ဝှက်ဆန်းကြယ်တဲ့ အကြောင်းပြချက်တစ်ခုလည်း ဖြစ်နိုင်ပေမယ့် ချင်မျန်ကတော့ ဂရုမစိုက်နေပေ။အရေးကြီးတာက သူ့မှာ ဒီနေရာ(နယ်​မြေ)ရှိနေသေးတာပဲလေ။

ထိုနေရာလွတ်ဟူသည့် နယ်​မြေတွင် တောင်တွေ၊ရေတွေ၊နေထွက်ချိန်နှင့်နေဝင်ချိန်များအပြင် ရှေးခေတ်ဆန်ဆန် ဝင်းကြီးတစ်ခုလည်းပါရှိသည့် သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာငယ်လေးပင်။

အထူးသဖြင့် ထို​​နေရာလွတ်တွင် ဝိညာဉ်စိမ့်စမ်း ရေကန်တစ်ခုလည်းရှိနေ၏။ချင်မျန်သည် ထို​ရေပူစမ်းကား ဘယ်က​နေစီးဆင်းလာသည်ကို မသိသော်လည်း အဆုံးမရှိမှန်း​တော့ သူသေချာသိသည်။ဝိညာဉ်စမ်းရေသည် အံ့သြဖွယ်အကျိုးသက်ရောက်မှုမျိုးရှိ၏။ဝိညာဉ်စမ်းရေကို သောက်ပြီးနောက် သူ့ခန္ဓာကိုယ်သည်ကား အမြဲကျန်းမာကောင်းမွန်လာခဲ့သည်။ဝိညာဉ်စမ်းရေဖြင့် ရေလောင်းပျိုးသင်ထားသော ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများသည် ကောင်းမွန်သောပုံစံဖြင့် ရှင်သန်ကြီးထွားလာပြီး ပြင်ပတွင်ရောင်းချသည့်ဟင်းသီးဟင်းရွက်များထက် အဆမည်မျှသာလွန်မှန်း တွေးဆ၍မရလောက်အောင် အရသာကောင်းမွန်သည်။

2012 ကို ကမ္ဘာပျက်မည်ဟု ဟောကိန်းထုတ်ထားခဲ့တုန်းက ချင်မျန်သည် အစားအသောက်၊အဝတ်အစား၊အသုံးအဆောင်ပစ္စည်းများ စသည်တို့ကို နယ်​မြေအတွင်း သိမ်းဆည်းဖို့အတွက် ပစ္စည်းအများအပြားကို စုဆောင်းခဲ့သည့်အပြင် ထိုမျှသာမက အမျိုးမျိုးသော မွေးမြူ​ရေး ကြက်၊ဘဲများကိုလည်း မွေးမြူခဲ့သေးသည်။ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများအပြင် ဆန်နှင့် ဂျုံအနည်းငယ်ပင် ပါ​သေး၏။ကိုယ်စားဖို့အတွက်ကိုယ် စိုက်ပျိုးရတာက ပိုပြီးလည်းစိတ်ချရတယ်လေ။ပြီးတော့လည်း ချင်ရှစ်ယွမ်က သူ ဒီပစ္စည်းတွေနှင့်အတူ ဖြုန်းတီးဖို့ရာ အရင်းအနှီးအတွက် သူ့ကိုယွမ် ၅ သန်း ပေးခဲ့လို့ပါပဲ။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Tahanan ng mga kuwento. Tumuklas ngayon