[27]

5.2K 816 5
                                    

[Unicode]

027:ငွေရှာပြီး​တော့လည်း ငွေကုန်ရတာပဲ

လျောင်ကျစ်ဖုသည်ကား ဆွံ့အလျက် အချိန်အတော်ကြာမှ ပြန်ပြောနိုင်ခဲ့သည် – “ဟားဟား.....လူငယ်တွေက စကားပြောကောင်းတာပဲ။ကျုပ် မင်းနဲ့ ပြိုင်ပြီး အငြင်းအခုံ မလုပ်နိုင်တော့ပါဘူး"

သူသည် သူ့စကားလုံး​တွေကို ဆက်ထိန်းထားပြီး သဘောတူညီချက်ကိုတော့ မဖျက်လိုက်​ပေ။

ချင်မျန်က ပိုက်ဆံတွေ အများကြီးရှာလို့ရခဲ့တာ​
ကြောင့် စိတ်အ​ခြေအ​နေကောင်းနေပြီး အေးစက်စက် ဆက်ဆံခံရတာကို ဂရုမစိုက်နေ​တော့​ပေ။ “ကျွန်တော်တို့ လုပ်စရာတွေ ကျန်သေးလို့ သွားပါ​တော့မယ်။မန်နေဂျာလျောင် ဆက်ပြီး အလုပ် ကြိုးစားလိုက်ပါဦး"

လျောင်ကျစ်ဖုသည် စကားများများပြောရန် စိတ်မ၀င်စားတော့ဘဲ ဝတ်ကျေတမ်းကျေသာ လက်ကို ဝှေ့ယမ်းပြလိုက်သည်။သူက အသေးစိတ်ပုံစံမူကြမ်းကိုယူပြီး ဆိုင်အနောက်ဘက်ထဲက အလုပ်ရုံထဲကို အမြန်မဝင်ခင် လက်လုပ်​ခေါက်ဆွဲညစ်စက်ကို ယူလာခဲ့ရန် ဆိုင်လက်​ထောက်ကို ခိုင်းခဲ့သည်။

ချင်မျန်သည် တံခါးမှ ထွက်သွားပြီးနောက် နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
ထို့​နောက် လဲ့ယ်ထျဲ၏လက်ကိုဆွဲကာ အမြန်ထွက်သွားလေတော့သည်။အဝေးကို ရောက်သွားပြီးမှသာ သူ့နောက်ဘက်ကို လှမ်းကြည့်ပြီး သူ့မျက်လုံး​တွေဖြင့် လမ်းသွားလမ်းလာများကို လျှို့ဝှက်စွာဘယ်ညာလှည့်ပတ်ကြည့်နေသည်။သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ မတွေ့မှသာလျှင် သူ့အကြည့်တွေကို ပြန်ဆုတ်လိုက်၏။

"ဘာဖြစ်လို့လဲ?" လဲ့ယ်ထျဲလည်း တစ်ဖန်လှည့်ကြည့်လိုက်တော့ ထူးထူးခြားခြား ဘာမှမတွေ့ရ​ပေ။

ချင်မျန်က တိုးတိုး​လေးကပ်ပြောလိုက်၏။ “ဘာမှမဟုတ်ပါဘူး။အဲဒီလူဆီက​​နေ ပိုက်ဆံတွေ အများကြီးရအောင်ယူလာခဲ့တာ​လေ။သူကလည်း ဆန္ဒမရှိတာကြောင့် ပိုက်ဆံကိုပြန်လုယက်ဖို့ အနီးအနားမှာ တစ်​ယောက်ယောက်ကို လျှို့ဝှက်ပြီး စေလွှတ်ထားမှာ ကျွန်တော် စိုးရိမ်မိတယ်"

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now