[19]

5.9K 858 11
                                    

[Unicode]

019:အလုပ်များ​သည့် နေ့တစ်​နေ့

လဲ့ယ်ထျဲက ပိုက်ဆံအိတ်ကို ချင်မျန်ထံသို့ ပစ်ပေးလိုက်ပြီး တံခါးဖွင့်ကာ အိမ်ထဲသို့ ရေစည်အိုးတွေကို သယ်သွားလိုက်သည်။

ချင်မျန်က ပြုံးပြီး ပိုက်ဆံအိတ်ကို ကိုင်လျက် အိပ်ခန်းထဲသို့ ဝင်သွားသည်။သူက သစ်သားသေတ္တာထဲမှာ ထည့်ထားလိုက်ပြီး သော့အသစ်ဖြင့် ခတ်လိုက်ကာ သော့ကို မွေ့ယာအောက်မှာထည့်ထားလိုက်ပြီး သူ့အကျီကို မတင်ဖို့ရာ ကြိုးတစ်ချောင်းဖြင့် ချည်လိုက်သည်။

"ချင်းဇီ....ကိုယ် ရေသွားခပ်လိုက်ဦးမယ်"

အနှီနာမည်ကို မ​ခေါ်ဖို့ ဆန့်ကျင်ကန့်ကွက်တဲ့​နေရာမှာ အကျိုးမရှိခဲ့သဖြင့် ချင်မျန်သည်လည်း ၎င်းနှင့်ပတ်သက်ပြီး စိတ်မ၀င်စားနေတော့ဘဲ ချက်ချင်းခေါင်းညိတ်ကာ "ကောင်းပြီ"

လဲ့ယ်ထျဲက ပုံးနှစ်ပုံးသယ်သွားပြီးနောက် ချင်မျန်သည်လည်း ဆန်နှင့်ဂျုံအိတ်များထဲမှ ပန်းကန်ခွက်များကို ထုတ်လိုက်၏။ရေစည်အိုးကို ရေ​နွေးဖြင့် အကြိမ်ကြိမ်သုတ်ရန်အတွက် ရေနွေးကို အပူပေးပြီးနောက် ပန်းကန်ခွက်အသစ်နှင့် လက်ဖက်ရည်အိုးတွေကို ပွက်ပွက်ဆူနေသော ရေနွေးထဲတွင် စိမ်ထားလိုက်သည်။ဗီရိုစင်မရှိသဖြင့် အိပ်ခန်းထဲရှိ စားပွဲနိမ့်ကိုသာ ယူလာကာ ပန်းကန်ခွက်များကို တင်ထားလိုက်သည်။ဆန်နှင့်ဂျုံမှုန့်တွေကို အိပ်ခန်းထဲတွင် ထည့်ထားပြီး ကြွက်မစားစေရန် ညဘက်တွင် ဂရုစိုက်ထားရမည်ပင်။

ချင်မျန်က ဂျုံမှုန့်ဖြင့် ကော်လုပ်လိုက်ပြီး စာရွက်အဖြူ​တွေယူကာ  ပြတင်းပေါက်မှာ ကပ်ဖို့လုပ်လိုက်သည်။လဲ့ယ်ထျဲက ရေဖြည့်ပြီးတာနဲ့ တိတ်တဆိတ်ပြန်ဝင်လာပြီး ကူညီဖို့လုပ်၏။

"ဒါကို ကျွန်တော် တစ်ယောက်တည်း လုပ်လို့ရတယ်။" ချင်မျန်က ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ "နောက်ကျနေပြီ။မရီးကျန်း ဟင်းပိုချက်စရာ မလိုအောင် သူမကို အရင်ဆုံး သွားအကြောင်းကြားဖို့ အစ်ကိုကျန်းရဲ့အိမ်ကို သွားလိုက်။"

ထိုအကြောင်းကို စဉ်းစားပြီးနောက် လဲ့ယ်ထျဲကိုကြည့်ကာ အတူတူနေထိုင်မည်ဆိုကတည်းက နားလည်မှု လွဲမှားနိုင်စရာများကို ရှောင်ရှားသင့်ကြောင်း ရှင်းပြလိုက်သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now