[58]

4.8K 766 18
                                    

[Unicode]

058: တုရှီ နှင့် ဝေရှီတို့၏ပထမဆုံးထိပ်တိုက်ရင်ဆိုင်မှု

"ဟုတ်တယ်...ဟုတ်တယ်....အစ်ကိုလဲ့ယ်" ထိုရွာသားက လဲ့ယ်ထျဲကို လှမ်းကြည့်ပြန်သည်။သူ ကြွေပန်းကန်ပြားကို တူဖြင့် ခေါက်လိုက်ပြီး အရက်နံ့တမွှန်မွှန်နှင့် ပြောလိုက်သည်။

“အစ်ကိုလဲ့ယ် ကျွန်တော်တို့အားလုံးက တစ်ရွာတည်းသားတွေပဲ​လေ။ချမ်းသာမယ့်အခွင့်အ​ရေး​လေးရှိရင်​ ထောက်ထားစာနာ​ပေးသင့်တယ်မလား။ငါ ပြောတာမှန်တယ်မဟုတ်လား...အားလုံး?"

လဲ့ယ်ထျဲ၏အမူအရာမှာ အနည်းငယ် မည်း​မှောင်သွားသည်။ချင်မျန်သည်လည်း ထိုရွာသားကိုကြည့်ရင်း မျက်ခုံးပင့်လိုက်သည်။

စားပွဲရှိ အခြားလူများက ရှက်ရွံ့မိသွားကြပြီး လဲ့ယ်ထျဲရဲ့ဟော့ပေါ့ကိုစားပြီး အဆက်မပြတ်ပြော​နေသည့် ထိုရွာသားကို တိတ်တဆိတ် ကြိမ်းမောင်းမိ​တော့သည်။တကယ်ချမ်းသာဖို့ အခွင့်အလမ်းရှိတယ်ဆိုရင်တောင် သူတို့ရဲ့ သွေးသားညီအစ်ကိုတွေ ဒါမှမဟုတ် သူတို့နဲ့ ဆက်ဆံရေးကောင်းတဲ့လူတွေကို စဉ်းစားကြလိမ့်မယ်လေ။မင်းက ကိုယ့်ကိုယ်ကို ဘယ်သူလို့ထင်နေလို့လဲ? စားပွဲဝိုင်းမှာ လိုက်လျောညီထွေရှိနေတဲ့ လေထုကို ဖျက်စီးလိုက်တာပဲ။

ဝူတိက ပြုံးပြုံးရွှင်ရွှင်နဲ့ အဲဒီရွာသားရဲ့ ပခုံးကို လက်တစ်ဖက်နဲ့ ချိတ်ပြီး “အစ်ကိုချိုး....မပြောနဲ့တော့။လာ နောက်ထပ်,ထပ်​သောက်ကြရအောင်။ဒါမှမဟုတ် ပြန်သွားရင် တံမြက်စည်းပေါ်မှာ ဒူးထောက်ခိုင်းတဲ့အစ်မကို ကြောက်နေလို့လား?"

"သူကို ဘယ်သူက ကြောက်နေလို့လဲ?" အဲဒီလူက ခေါင်းမာပြီး ဖန်ခွက်ကို မြှောက်လိုက်ကာ ကျယ်လောင်တဲ့ အသံနဲ့ ပြောလိုက်၏။“လာ...အဝသောက်လိုက်ရ​အောင်"
"လာ...ထပ်သောက်ဦး!" တခြားလူအနည်းစုလည်း လိုက်ပါလာသည်။

ချင်မျန်သည် သူ စားသောက်နေသည်ကို အရှိန်မြှင့်လိုက်သည်။ပြီးသည်နှင့် လူအများ၏အာရုံမစိုက်နိုင်သည်ကို အခွင့်ကောင်းယူကာ ခြံတံခါးအပြင်ဘက်တွင် ပုန်းအောင်းလျက် လဲ့ယ်ထျဲဆီသို့ လက်ညှိုးကွေးလျက် လှမ်း​ခေါ်လိုက်သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Onde histórias criam vida. Descubra agora