[54]

5.1K 740 14
                                    

[Unicode]

054: တခြားသူတွေရဲ့ အားသာချက်ကိုအနိုင်မယူရင် သေရလိမ့်မယ်။

“ကောင်းပြီလေ” လဲ့ယ်ရှန်းရန် ထပ်​ပြော၏။ "အားလုံးဝယ်ပြီးရင် မြို့အဝင်ဝမှာပြန်ဆုံကြမယ်"

လှည်းနောက်ဘက်တွင် ထိုင်​နေကြသည့်ကျိုးရှီနဲ့ချင်းရှီတို့သည်လည်း အချင်းချင်း တီးတိုးပြောကြသည်။
"လောင်စန်းဇနီး..." ကျိုးရှီက ချင်းရှီရဲ့လက်မောင်းကိုထိပြီး တိုးတိုးကပ်ပြော၏။

"ဒီတစ်ခါ လောင်တာ့ဇနီးက ငါတို့ကို အကြံကောင်းတစ်ခုပေးတယ်။စွပ်ပြုတ်ရောင်းလိုက်ရင် ဝင်ငွေများစွာရမယ်ဆိုတာ ငါ ပြောရဲတယ်။ဒါ​ပေမယ့်​ ငါတို့အားလုံး အ​မေ့ကို ​ပြန်ပေးရမယ်ဆိုတာ​တော့ ဝမ်းနည်းစရာ​ကောင်းတယ်​နော်။"

လဲ့ယ်ရှန်းရန်၏လက်ထဲကိုငွေမအပ်မီ တုရှီသည် ထင်းနှင့်ပါဝင်ပစ္စည်းများဝယ်ရန်အတွက် ပိုက်ဆံကို တစ်ခုချင်းစီရေတွက်နေသည့် နံနက်စောစောကမြင်ကွင်းကိုပြန်သတိရသောအခါ ချင်းရှီ စိတ်မသက်မသာခံစားခဲ့ရသည်။ကျိုးရှီသည် မိသားစုနှင့်ခွဲထွက်ရန် နှိုးဆော်လိုကြောင်း သူမသိသော်လည်း သူမ (ZS)ရဲ့အစီအစဉ်က​နေ လမ်းလွဲစေလိုက်ကာ ဘာမှ​ရေ​ရေရာရာမပြောဘဲ “အင်း” ဟုသာ ဆိုခဲ့သည်။

သူမက အရူးတစ်​ယောက်မဟုတ်တာကိုမြင်တော့ ကျိုးရှီက "ငါတို့ မိသားစုနဲ့ခွဲထွက်နေနိုင်ရင်ကောင်းမှာပဲ" လို့ပြောရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

ချင်းရှီ တမင်တကာ မေးလိုက်သည်။ "ကျွန်မတို့အားလုံးလား?"

ကျိုးရှီက​တော့ မေးခွန်းကို ရှောင်လွှဲလိုက်သည်။တကယ်တော့ သူမကား ဆန့်ကျင်ဘက်ပင်။အိမ်ခွဲနေချင်သော်လည်း မခွဲချင်ပြန်။အိမ်ခွဲနေလိုက်လျှင် ဝင်ငွေကို ကိုယ်တိုင်ထိန်းသိမ်းနိုင်သော်လည်း လဲ့ယ်ရှန်းကျစ်နဲ့ ဝေးကွာသွားမည်ဖြစ်တာ​ကြောင့် အိမ်ခွဲ​နေမည့်အ​ကြောင်း ဆက်ပြီး တွေးတောချင်စိတ်မရှိပေ။လဲ့ယ်ရှန်းကျစ်၏အနာဂတ်သည်ကား အကန့်အသတ်မရှိ။ဒီသစ်ပင်ကြီးကို စွန့်လွှတ်ဖို့ သူမ တွန့်ဆုတ်နေခဲ့ခြင်းသာ။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now