[69]

5.1K 740 15
                                    

[Unicode]

069: မိခင်ဘက်က ဘိုးဘွားအိမ်

နေ့လည်ပိုင်းတွင် လဲ့ယ်ရှန်းရန်သည် တာ့​ပေါင်းနှင့် အာ့​ပေါင်းတို့ကို ခေါ်ဆောင်ကာ ချင်မျန်နှင့် လဲ့ယ်ထျဲတို့အား အိမ်​​ဟောင်းတွင် ညစာစားရန် လာ​ရောက် ဖိတ်ခေါ်လေသည်။

လဲ့ယ်​ရှောင်ယွမ်မိသားစုနှင့် လဲ့ယ်​ရှောင်ဖုန်း၏မိသားစုသည်လည်း ရောက်ရှိလာခဲ့သည်။နေ့လည်စာကို လဲ့ယ်​တာ့​ကောင်းအိမ်တွင် စား​သောက်မည်ဖြစ်ပြီး ညစာကိုတော့ လဲ့ယ်တာ့ချန်၏အိမ်တွင် စား​သောက်​ကြပေမည်။လဲ့ယ်ထျဲက​တော့ ငြင်းပယ်လိုက်၏။

လဲ့ယ်ရှန်းရန်က ဘာမှမပြောဘဲ ပြုံးသာပြုံးပြလိုက်သည်။သူ လဲ့ယ်တာ​ပေါင်းနှင့် လဲ့ယ်အာ့​ပေါင်းတို့ကို ပန်းကန်ထဲက မုန့်နှစ်​ကြော်နှင့် ကောင်းဇီမုန့်တွေကို သူတို့အိတ်ကပ်ထဲသို့ထည့်ရန် ကူညီခဲ့ပြီး သူ့ကလေးနှစ်ယောက်နှင့်အတူ အလျင်စလိုမထွက်ခွာသွားမီ စန်းဇီကိုပင် လက်နှစ်ဖက်အပြည့် ယူ​ဆောင်သွားသေးသည်။

ပထမလ၏သုံးရက်မြောက်နေ့တွင် လဲ့ယ်တာချန်နှင့် လဲ့ယ်​တာ​ကောင်းတို့သည် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရန် တစ်ဖန် လဲ့ယ်​ရှောင်ယွမ်၏အိမ်သို့ သွားကြသည်။ချင်မျန်က​တော့ အိမ်တွင်နေခဲ့ပြီး လဲ့ယ်ထျဲက သူတို့နှင့်လိုက်သွားခဲ့သည်။နှစ်သစ်ကူး လက်ဆောင်များ ပေးအပ်ပြီးနောက်တွင် သူသည်လည်း ထမင်းမစားနေတော့ဘဲ တစ်ယောက်တည်းသာ ပြန်လာခဲ့သည်။ချင်မျန်သည် ဟင်းပွဲအစုံအလင်ဖြင့် စားပွဲရှေ့တွင် သူ့အား ထိုင်စောင့်နေသည်ကို မြင်လိုက်ရပြီး ပိုင်တျန့်လေးသည်လည်း တံခါး၏ဦးတည်ရာဘက်ကို လှမ်းကြည့်လိုက်သောအခါ လဲ့ယ်ထျဲ၏နှလုံးသားလေးသည် အလွန်​​ပင် လုံခြုံနွေး​ထွေးသွားခဲ့သည်။

ပထမလ၏လေးရက်မြောက်နေ့တွင် လဲ့ယ်မိသားစုသည် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရန် လဲ့ယ်​ရှောင်ဖုန်း၏အိမ်သို့ တစ်ဖန်သွားကြပြန်သည်။လဲ့ယ်ထျဲသည် လဲ့ယ်​ရှောင်ဖုန်း၏အိမ်တွင် နေ့လည်စာ စားဖြစ်ခဲ့သည်။လဲ့ယ်​ရှောင်ယွမ်သည် လဲ့ယ်ထျဲကို စကားလုံးခပ်ကြမ်းကြမ်း​တွေဖြင့် အော်​​ငေါက်​ပြောဆိုခဲ့​ပေမယ့်လည်း သူက​တော့ နှုတ်ဆိတ်နေမြဲ။လဲ့ယ်ရှောင်ယွမ်ကား မည်သို့မျှ မတတ်နိုင်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now