[65]

5.2K 691 20
                                    

[Unicode]

065: အခုက​နေစပြီး အတူတူ နှစ်သစ်ကိုကြိုဆိုကြတာ​ပေါ့ (1)

ချင်မျန်နှင့်လဲ့ယ်ထျဲတို့သည် နောက်ပြန်လှည့်မကြည့်ကြဘဲ နွားလှည်းလေး​မောင်းကာ ထွက်သွားကြသည်။

ခုနအမျိုးသမီးပြောသည့်စကားများအတိုင်း လဲ့ယ်​ရှောင်ယွမ်က တခြားသူတွေကိုလည်း ထိုသို့ပြန်​ပြောမည်မှာ သေချာသ​လောက်ရှိမှန်း သူသိသည်။
ငြင်းပယ်ခဲ့ခြင်းကြောင့် လဲ့ယ်​ရှောင်ယွမ်သည် သူနှင့် လဲ့ယ်ထျဲတို့၏ကိစ္စရပ်ကို ထုတ်​ပြောချင်​ပုံရသည်။
ဆိုရိုးစကားအတိုင်း "ဧကရာဇ်မင်း၌ပင် ဆင်းရဲသော ဆွေမျိုးသုံးယောက်ရှိသည်"မလား။

ဆွေမျိုးတွေဆိုတာက အကူအညီတောင်းဖို့ ကြိုးစားကြတာ ပုံမှန်ပါပဲ။ဒါပေမယ့် ရည်မှန်းချက်တွေ မအောင်မြင်တဲ့အခါ အဲဒီဆွေမျိုးတွေကပဲ သူတို့ရဲ့နောက်ကျောကို မြှားအေးတွေနဲ့ ပစ်ကြ၏။ဒီလိုဆွေမျိုးတွေက​တော့ တကယ့်ကို စက်ဆုပ်ရွံရှာစရာကောင်းလွန်း၏။

လဲ့ယ်ထျဲ ရုတ်တရက် စ​ပြောသည်။"နောက် လာစရာမလိုဘူး”

"ဒါပေါ့။" ချင်မျန်ကလည်း မည်သို့မျှပင် တုံ့ဆိုင်းမနေပေ။လဲ့ယ်ထျဲအတွက် သူ ရင်နာရတာကို​တော့ မငြင်းနိုင်။သူသာမရှိရင် လဲ့ယ်ထျဲ အထီးကျန်နေလိမ့်မယ်။ဆွေမျိုးတွေလို့ခေါ်တဲ့ အနှီဆွေမျိုးတွေမှာသာ ခံစားချက်တွေ တကယ်ရှိခဲ့ရင် လဲ့ယ်ထျဲ အရင်အိမ်ကနေ ထွက်ပြေးဖြစ်မှာ မဟုတ်ဘူး။နောက်ပိုင်းမှာလည်း ယောက်ျားတစ်​ယောက်နဲ့ လက်ထပ်ဖို့ အတင်းအကျပ်ခိုင်းခံရမှာ မဟုတ်သလို ဘာမှမရှိတဲ့ အိမ်မှာ တစ်​ယောက်တည်း နေ,နေရမှာမဟုတ်ဘူး....အခုတော့ အဲဒီလူတွေက “အန်တီ” နဲ့ “ဦးလေး” လို့ ခေါ်တဲ့ အခေါ်အဝေါ်တွေအ​ပေါ် အခွင့်ကောင်းယူချင်နေကြတယ်။ဒီလောကကြီးထဲမှာ ဒီလိုမျိုး ဘာ့​ကြောင့်ဖြစ်နေရတာလဲ?အစကတည်းက လဲ့ယ်ထျဲကို ဂရုမစိုက်ခဲ့ဘဲ အခုကျမှ သူတို့ကို သူနဲ့ လဲ့ယ်ထျဲက ဘာလို့ ပြန်ပြီးဂရုစိုက်ပေးနေရမှာလဲ?"

“မင်းကသာ မတရားခံရတာ။” လဲ့ယ်ထျဲက တည်ငြိမ်စွာ ပြောသည်။ဒီကိစ္စက ချင်မျန်အတွက် အရေးမကြီးပေ။ "သူတို့က ကျွန်တော့်အတွက် အရေးမကြီးတဲ့လူတွေပဲလေ"

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now