[86]

3.9K 577 15
                                    

[Unicode]

086 : ရှန်းရှန်း(ရှန်းနှစ်ထပ်ကွမ်း) အ​ဆောက်အဦး

ချွန်းရှန်း မေးလိုက်သည်။ "သခင်​လေး.....သူ​ဌေးချင်နဲ့ သူ​​ဌေးလဲ့ယ်ကို ငတုံးတွေလို့ မထင်ဘူးလား?မြို့ထဲမှာ ဝိုင်ဆိုင်ဖွင့်ဖို့ သင့်တော်တဲ့နေရာ ရှာလို့မတွေ့ရင် ဘာလို့များ ခရိုင်မြို့ကို မသွားကြတာလဲ?ဒီလိုမြို့ငယ်လေးမှာ ဖောက်သည်ဘယ်နှစ်ယောက်များ ရှိလာမှာမို့လဲ။ဒီမြို့လေးထဲမှာပဲ ဝိုင်ဆိုင်ဆောက်နိုင်ဖို့ကို ဘာကြောင့် အရမ်းကြိုးစားနေကြတာလဲ?ဒီကျွန် တကယ်နားမလည်နိုင်ဘူး"

နျဲ့ဟန်တစ်​ယောက် ရထားလုံးပေါ်တွင် အေးအေးဆေးဆေး မှီလှဲချလိုက်ပြီး "ဒါ တကယ်ကိုထူးဆန်းတယ်။သူတို့ရဲ့ မွေးရပ်ဇာတိက ရေ​ပြေးမြို့​တော်မှာရှိတဲ့ ရွာတစ်ရွာပဲ​လေ။အိမ်နဲ့ သိပ်မဝေးချင်လို့ နေမှာ​ပေါ့”

ချင်မျန်ကပဲ အရာရာတိုင်းကို ရိုးရှင်းတဲ့နည်းလမ်းအတိုင်း စဉ်းစားခဲ့တာများလား။အခုလောလောဆယ်တော့ သိရဦးမည်မဟုတ်ပေ။

တစ်လခွဲကြာပြီးနောက်...ဝိုင်ဆိုင်ကြီးသည် ပြီးစီးခဲ့ပြီဖြစ်ကာ ဒီဇိုင်းအသေးစိတ်ပိုင်းမှာ​ဖြင့် အပြီးသတ်ရန်သာ ကျန်တော့သည်။

ချင်မျန်သည် ဟင်းချက်နည်းကို ရောင်းချတော့မည်ဆိုသော သတင်းကို လွှင့်ခဲ့ပြီး စောင်ရေ 20 သာ ရောင်းချမည်ဟုလည်း ဖော်ပြခဲ့သည်။ထိုသတင်းကိုကြားတော့ အနီးနားမြို့များမှ ဝိုင်ဆိုင်ပိုင်ရှင်များနှင့် ခရိုင်မြို့ကငွေကြေးအင်အားတောင့်တင်းသည့် သူ​ဌေးများပင် လာ​ရောက်ကြ​လေသည်။အစောဆုံးပိုင်ရှင် အယောက်နှစ်ဆယ်သည် ပါဝင်ပစ္စည်းများ ဆယ့်ခြောက်မျိုးပါသော ဟင်းချက်နည်းကို ဝယ်ယူရန်အတွက် ငွေတုံး 500 ကို အသီးသီးသုံးစွဲခဲ့ကြသည်။ချင်မျန်ကား ဟင်းချက်နည်းရောင်းရုံဖြင့် ငွေတုံး 10,500 ကို ရရှိခဲ့သည်။

ထို့နောက်တွင် စည်စည်ကားကားရှိလှသည့် လယ်သိမ်းရာသီမှာ သတ်မှတ်ရက်အတိုင်း ရောက်ရှိလို့လာပြီ။ချင်မျန်၏မြေဧကမှာ သေးငယ်ပြီး မိသားစုတွင် အ​စေခံသုံးယောက်သည်လည်း ရှိသေးရာ ရိတ်သိမ်းခြွေလှေ့ရန်၊ အခြောက်ခံပြီး ဂိုဒေါင်ထဲသို့ ထည့်ရန် သုံးရက်သာ အချိန်ယူရသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Onde histórias criam vida. Descubra agora