[92]

2.7K 450 30
                                    

[Unicode]

092 - ဇနီးလေးက ပြောထားတယ်.....

ချင်မျန်က​တော့ ခြင်းအ​သေးက ဘယ်သူ့အတွက်လဲဆိုတာ မပြောပေ။

"ကျွန်တော် နားလည်ပါပြီ။ စိတ်ချပါ သခင်လေး။” ရှီလသည် ဇလုံထဲတွင် သူ့လက်ကိုဆေးပြီး တောင်းနှစ်တောင်းကို ယူကာ အမြန်ထွက်သွားသည်။
နေဝင်ချိန်မှာတော့ ချယ်ရီသီးတွေ အားလုံးခူးပြီးသွားချေပြီ။ ချင်မျန်သည် ကူညီလုပ်ကိုင်​ပေးသူများအတွက် လုပ်အားခကို ပေးချေလိုက်သည်။ သူတို့ထွက်သွားပြီးနောက် ကျန်ရှိနေသော ချယ်ရီသီးတောင်းကို ယူပြီး ချယ်ရီသီး သုံးလေးကျင်းခန့်ကို ညွှန်ပြလိုက်သည်။ "အ​ဒေါ်ဖု ဒါက ဦးလေးဖုနဲ့ ရှီလတို့ အတွက်ပါ”

"ကျေးဇူးအများကြီးတင်ပါတယ် သခင်​လေး" အန်တီဖူမှာ သခင်လေးရဲ့ရက်ရောမှုအတွက် ကျေးဇူးတင်ခဲ့ပြီး ချင်မျန်ကို ယခင်အတိုင်း အရိုအ​သေပေးခဲ့သည်။

ချင်မျန်လည်း သူ့လက်ကို ဝှေ့ယမ်းပြီး ခြင်းတောင်းနဲ့အတူ ထွက်ခွာသွားခဲ့သည်။ ခြံဝင်းတံခါးကနေ အထွက် အဝေးတစ်​နေရာက စိမ်းညှို့​နေတဲ့ တောအုပ်ကို တစ်ချက်လှမ်းကြည့်လိုက်၏။

နွေဦးရာသီ၏ညနေခင်းတွင် ရွာသားများသည် နေအိမ်များမှ ထွက်လာကြပြီး အေးမြလတ်ဆက်တဲ့လေကို ရှုရှိုက်ရင်း ညစာကို စောင့်ဆိုင်းနေကြပြီး စကားစမြည်ပြောရန် နှစ်ယောက်၊ သုံးယောက် စုရုံးနေကြသည်။
ချင်မျန်ကိုတွေ့သောအခါ အားလုံးက သူ့ကို ဖော်ရွေစွာ နှုတ်ဆက်ကြသည်။
"လဲ့ယ်ထျဲရဲ့ဇနီး.....ဒီ​လောက် နောက်ကျ​​နေတာကို ဘယ်များသွားမလို့လဲ?"

ချင်မျန်က အပြုံး​လေးနဲ့ ပြန်​ပြောလိုက်သည်။ "ကျွန်တော့်မိဘတွေဆီကို ချယ်ရီသီးတွေ သွားပို့ပေးမလို့ပါ"

"ဒီ​လောက် အများကြီး။" ရွာသားတွေက ချီးမွမ်းကြ​လေသည်။ "မင်းနဲ့လဲ့ယ်ထျဲက မိဘတွေအ​ပေါ်ကို တကယ်သိတတ်ကြတာပဲ"

"ဟားဟား....” ချင်မျန်က​တော့ ရယ်သာရယ်လိုက်သည်။

"မင်းရဲ့ ချယ်ရီသီးတွေက ကြီးရုံတင်မကဘဲ ချိုတယ်လို့ ကြားတယ်။ မရောင်းပေးတာ ဝမ်းနည်းစရာပဲ။ မဟုတ်ရင် တစ်ချို့ကို ဝယ်ချင်တယ်။ ဟားဟား...လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ကလေးတွေက နေ့တိုင်း ပူဆာ​နေကြတာ” အဒေါ်တစ်ဦးက စိတ်မကောင်းဖြစ်ဟန် ပြောသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now