[29]

5.8K 845 5
                                    

[Unicode]

029:လဲ့ယ်ထျဲ၏​သတိတရရှိမှု

လဲ့ယ်ထျဲသည် ခြင်းတောင်းကို ချလိုက်ပြီး ချင်မျန်လက်ထဲက ဇာတ်ကြိုးကို ယူကာ သစ်ပင်တွင် ချည်နှောင်လိုက်၏။ထို့နောက် ကောက်ရိုးအချို့ကို ယူဆောင်လာခဲ့သည်။

ရေနွားသိုးသည် ကောက်ရိုးများကို ခေါင်းငုံ့ဝါးရင်း အမြီးလေးယမ်းကာ အရမ်းပျော်နေပုံရသည်။
ချင်မျန်က ထွက်မသွားသေး​ပေ။အောက်ကိုငုံ့ပြီး ကောက်ရိုးလက်တစ်ဆုပ်စာ ထပ်မံကျွေးလိုက်၏။သူ လဲ့ယ်ထျဲဘက်လှည့်ကာ ဆိုလိုက်၏။
“လယ်ထွန်ရင် ခင်ဗျားစကားနားမထောင်မှာစိုးလို့ သူနဲ့ ရင်းနှီးအောင် နေသင့်တယ်”

လဲ့ယ်ထျဲ ထိုစကားကြောင့် အံသြသွားသည်။သူက ကောက်ရိုးတစ်ဆုပ်ကို ကောက်ပြီး နွားကို ကျွေးလိုက်ကာ သူ့လက်ဖဝါးကြီးကြီးကို မြှောက်လိုက်ပြီး နွားခေါင်းကို တင်းကြပ်စွာ ကိုင်လိုက်သည်။

ချင်မျန်က ကြောင်အသွားပြီး သူ မရယ်ဘဲမ​နေနိုင်တော့​ပေ။
“ဟားဟား.........”

သူ လဲ့ယ်ထျဲကို စ​နေတာဖြစ်ပေမယ့်လည်း...ဒီလူက အလေးအနက်ထားလိုက်လုပ်တယ်​​ပေါ့။

နွား၏သဘောသဘာဝသည် အများအားဖြင့် ပျော့ပြီး တမင်တကာ ရန်ပြုခြင်းမျိုးမပြုလုပ်ပါက ဒုက္ခဖြစ်စေမည်မဟုတ်ပေ။

လဲ့ယ်ထျဲက ချင်မျန် သူ့ကို စ​နေတယ်ဆိုတာကို မ​ရေမရာ နားလည်လိုက်ပြီ။သူ ယခင်အတိုင်း တည်ငြိမ်နေဆဲဖြစ်ပြီး ချင်မျန်ကို နူးညံ့သည့်အကြည့်တစ်ချက်သာ ကြည့်လိုက်သည်။ထွက်သွားမည့်အစား ကောက်ရိုးတစ်ဆုပ်ကိုထပ်မံယူကာ နွားသိုး​ပေါက်ကို ဆက်၍ကျွေးလိုက်သည်။

ချင်မျန် သူ့ကို ပြုံးပြုံးလေးကြည့်ပြီး နွားသိုး​ပေါက်လေးကို အတူတူအစာကျွေးရတာ ကြောင်​တောင်​တောင်နိုင်တယ်လို့ ယောင်ဝါးဝါး ခံစားမိပေမယ့် တနည်းနည်းနဲ့ ထွက်သွားဖို့လည်း အကြောင်းပြချက် ရှာမတွေ့တာ​ကြောင့် လဲ့ယ်ထျဲလက်ထဲက ကောက်ရိုးရော သူ့လက်ထဲက ကောက်ရိုး​ပါ ထည့်​ကျွေး​နေပြီး နွားသိုး​ပေါက်စားနေတာကိုသာ ကြည့်နေလိုက်သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now