[53]

4.8K 725 8
                                    

[Unicode]

T/N: စာမစစ်ရ​သေးပါ။သည်းခံဖတ်​ပေးကြပါလို့>\\<။

053: သတိပေးချက်

နွားလှည်းလေးသည် ရွာထဲသို့ မောင်းဝင်လာသောအခါ ချင်မျန် လဲ့ယ်ထျဲလက်ထဲမှ နွားဇက်ကြိုးကိုယူကာ “တတိယနှင့် စတုတ္ထညီအကိုတွေတို့ အိမ်ကို အတူတူလာဖို့သွားခေါ်လိုက်။ကျွန်တော် သူတို့ကိုပဲ အသေးစိတ်ပြောပြလိုက်မယ်။"

လဲ့ယ်ထျဲ ခေါင်းညိတ်ပြပြီး ခြေတံရှည်များကို မြှောက်ကာ ရွေ့လျားနေဆဲ နွားလှည်းပေါ်မှ အလွယ်တကူ ခုန်ဆင်းလိုက်သည်။
ရွာသူရွာသား အများအပြားက စူးစမ်းလိုသော မျက်လုံးများဖြင့် သူ့နောက်က​နေ လိုက်ကြည့်​နေကြသည်။လဲ့ယ်ထျဲ ကွန်ဖူးတတ်​မြောက်ထားသည့်သတင်းက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားသည်​လေ။ထိုသို့သောလူတွေက သူတို့အ​ပေါ်မှာ လေးစားမှုရော အကြောက်တရားပါ ခံစားစေခဲ့သည်။

နေ့တိုင်းလိုလို သူအိမ်ပြန်ရောက်ရင် ချင်မျန် ပထမဆုံးလုပ်တာက ရေချိုးရန် ရေ​​နွေးတည်ခြင်းသာ။မီးဖိုတွင်းရှိ ထင်းမီးလေး တောက်လောင်သွားချိန်တွင် လဲ့ယ်ထျဲ ပြန်ရောက်လာသည်။

“တတိယနှင့် စတုတ္ထညီတွေလည်း မြစ်တူးတဲ့​နေရာကို သွားကြတယ်။အခုမှ သူတို့ ညစာစားနေတော့ မကြာခင်လောက်မှ ဒီကို ရောက်လာလိမ့်မယ်” လဲ့ယ်ထျဲသည် ချင်မျန်၏လက်ထဲမှ ထင်းကိုယူကာ မီးဖိုချောင်မီးဖိုရှေ့တွင် ထိုင်လိုက်သည်။

ရာသီဥတုက အေးလာပြီး အရာအားလုံးက ရေခဲတမျှအေး၏။ချင်မျန် သူ့အား ကူညီပေးသည်ကို ဝမ်းသာအားရ ခွင့်ပြုလိုက်ပြီး သူ့လက်တွေကို သူ့အိတ်ကပ်ထဲကို ပြန်ထည့်လိုက်သည်။

"လောင်အာ့ရော သွားလား?"

“မသွားဘူး”

ထိုကဲ့သို့ဖြစ်မည်မှန်း သူသိသည်။ချင်မျန် ဤလူလဲ့ယ်ရှန်းရန်ကို အထင်အမြင်သေးမိသည်။

".........."

“တတိယနဲ့ စတုတ္ထညီကို ဘာမှမပြောခဲ့ဘူးမလား?”
လဲ့ယ်ထျဲက "သူတို့ကို အရေးကြီးတာတစ်ခုပြောဖို့ရှိတယ်ပဲ ပြောလိုက်တယ်"

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now