[104]

2.1K 274 11
                                    

[Unicode]

အခန်း(၁၀၄):ကြာဇံအလုပ်ရုံ ဖွင့်ပြီ

သခင်နှစ်ဦးကား အခြားသူများကို ကြမ်းတမ်းစွာ ဝေဖန်သူများမဟုတ်သည့်အပြင် ဦးလေးဖူနှင့် အ​​ဒေါ်ဖူတို့ကလည်း ကြင်နာကြသောကြောင့် သာယာ​အေးချမ်းဖွယ်ခြံဝင်းရှိ အ​စေခံများက အဆင်ပြေပြေ ရှိကြ​လေသည်။

လဲ့ယ်ချင်ဟွေ့က အခြားသူများအတွက် ပျော်ရွှင်နေပြီး ပြောလိုက်သည်။ "ကျွန်တော် ကျေနပ်ပါတယ်!"

"အင်း"

ချင်မျန် ပြောလိုက်သည်။ "အ​စေခံ​တန်းယားရဲ့ တတိယအ​ဆောင်ကို မင်းတို့အတွက် စာသင်ကျောင်းအဖြစ် ယာယီအသုံးပြုရမယ်။ပြီးရင် စာပြန်ကြည့်ဖို့အတွက် နေ့လယ်စာစားပြီးတိုင်း နှစ်နာရီလောက် အချိန်ရမယ်။ စကားလုံးတွေက အရမ်းရှုပ်ထွေးနေစရာ မလိုပါဘူး။အရင်ဦးဆုံးက​တော့ ရိုးရှင်းပြီး အသုံးများတဲ့ စကားလုံး​တွေအပြင် အခြေခံဂဏန်းသင်္ချာပိုင်းကိုပါ သင်ပေးပါ။"

"ဟုတ်ကဲ့။”

လဲ့ယ်ချင်ဟွေ့ ပြန်​ဖြေခဲ့သည်။

ဦးလေးဖူနှင့် အခြားသူတို့သည် သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းကာ ဒူးထောက်လိုက်ပြီး "ကျေးဇူးအများကြီးတင်ပါတယ်...သခင်ကြီးနဲ့သခင်​လေး!!"

ချင်မျန် ကတိုက်ကရိုက် ပြောလိုက်သည်။ "မြန်မြန်ထကြပါ။မလုပ်ပေးနိုင်တဲ့ အရာလည်း မဟုတ်ပါဘူး။ဦး​လေးဖူ မနက်ဖြန် ဦး​လေးတို့လူတွေ မြို့ကိုသွားပြီး စာရေးစုတ်တံတွေ၊ မှင်ချောင်းတွေ၊ စာရွက်တွေနဲ့ မှင်ကျောက်တွေဝယ်ဖို့ စီစဉ်လိုက်ပါ။"

ဦးလေးဖူ ဝမ်းသာအားရ ပြန်​ဖြေလိုက်သည်။"ဟုတ်ကဲ့”

"ကောင်းပြီ။ဒီနေရာကို သပ်သပ်ရပ်ရပ်ဖြစ်​အောင် သန့်ရှင်းထားလိုက်ပါ။" ချင်မျန် မတ်တပ်ထရပ်ပြီးတော့ အနည်းငယ် ဆာလောင်လာ၏။ "အားထျဲ.... ညနေ ဘာစားကြမလဲ?"

"လတ်ဆတ်တဲ့ ငါးကြင်းတွေရှိတယ်။"

"ဒါဆို ငါးကြင်းနှပ်ကြမယ်"

နှစ်ယောက်သား ပြောပြီး ထွက်သွားကြသည်။

လဲ့ယ်ချင်လဲ့က​တော့ ငွေသေတ္တာကို ထမ်းကာ ခပ်လှမ်းလှမ်းမှ လိုက်သွားခဲ့သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now