[38]

5K 764 8
                                    

[Unicode]

038: ဒေါသထွက်ရတယ်

လူနှစ်ဆယ်ကျော်ရှိနေသည့်အတွက် ပင်မခန်းမ​ဆောင်တွင် နေရာမလုံလောက်သောကြောင့် အပြင်ဘက်တွင် စားပွဲလေးလုံး ထပ်ဆင်ထားရသည်။ဆောင်းဦးရဲ့ နေမင်းကြီးက ကောင်းကင်ထက်မှာ တောက်ပစွာ ရှိ​နေ​ပေမယ့်လည်း နေရောင်အောက်မှာ နေပူစာလှုံ​​နေတဲ့ ခန္ဓာကိုယ်တွေပေါ်မှာတော့ နွေးထွေးမှု မရှိလှပေ။

လဲ့ယ်ထျဲ ဧည့်သည်တွေကို နှုတ်ဆက်ကာ ထိုင်ခုံတွေဆီ ခေါ်သွားပေးပြီး ချင်မျန်က​တော့ မီးဖိုချောင်ထဲမှာ ဟင်းလျာတွေ ချ​ပေးဖို့ ညွှန်ကြားနေသည်။ဒေါ်​​လေးဝမ်က ပူပူနွေးနွေးရှိနေဆဲဖြစ်သည့် မွှေးကြိုင်တဲ့ ပေါက်စီခြင်းတောင်းကို အားစိုက်မထုတ်ရဘဲ ရွှေ့လိုက်သည်။ချင်မျန်က မရီးကျန်းနဲ့အတူ စားပွဲပေါ်သို့ ပန်းကန်များ ချ​ပေး​နေပြီး တုရှီ၊ ကျိုးရှီနဲ့ ချင်းရှီတို့က​တော့ စားပွဲပေါ်တွင် အလွန်သက်​တောင့်သက်သာရှိစွာဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရာ သူ့နှုတ်ခမ်းပေါ်တွင် လှောင်ပြောင်သည့်အပြုံးကို ဆွဲတင်လိုက်သည်။

မရီးကျန်းနဲ့ဒေါ်​လေးဝမ်တို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်သလိုကြည့်ရင်း ခေါင်းခါလိုက်ကြသည်။လဲ့ယ်ထျဲ နှင့် ချင်မျန်တို့ ဒီမိသားစုနှင့် ခွဲနေခဲ့ရသည်မှာ အံ့သြစရာမဟုတ်ပေ။

ဧည့်သည်များသည် တုရှီနှင့် ထိုနှစ်ယောက်ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသော်လည်း ထိုသုံးယောက်မှာ လုံးဝ သတိမထားမိခဲ့ပေ။သူတို့မျက်လုံးများက ချင်မျန်၏လက်ထဲမှ ဟင်းပွဲများကိုသာ ကြည့်နေကြသည်။

စားပွဲတစ်ခုစီတွင် ဟင်းလေးမျိုးချ​ပေးထား၏- အာလူးနဲ့ယုန်နှပ်၊ ရစ်ဌက်နဲ့မှိုနှပ်၊ ဒေစီရွက်​ကြော် နှင့် ခရမ်းသီးကြော်ပင်။

ဟင်းပွဲတစ်ပွဲစီတိုင်းကို ဇလုံအသေးလေးတစ်လုံးစီတွင် ထည့်ထားပေးပြီး လူတွေရဲ့အကြည့်တွေကို မလွှဲနိုင်လောက်အောင် ပြင်းထန်တဲ့ အသားအနံ့တို့ဖြင့် ခင်းကျင်းထား၏။

“အားလုံးပဲ အခမ်းအနားတွေမှာလို ရပ်နေစရာမလိုပါဘူး” လဲ့ယ်ထျဲ မတ်တပ်ရပ်လိုက်ပြီး စကားအနည်းငယ်ပြောကာ ပြန်ထိုင်လိုက်သည်။
လူတိုင်းက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်ကြသည်။ "ဒါဆိုလည်း ယဥ်​ကျေးမ​နေ​တော့ဘူးကွာ.."

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now