[91]

4.3K 538 24
                                    

[Unicode]

091 – ချယ်ရီသီးများ ပေးပို့ခြင်း

ကြိုးတံတားမှ ပင်းကျစ်အဆောက်အဦး၏တတိယထပ်အထိ၊ ထို့နောက် တတိယထပ်မှ ပထမထပ်ရှိ ဧည့်ခန်းဆီသို့ သွားရာ လမ်းတစ်​လျှောက်တွင် နျဲ့ဟန်သည် နံရံပေါ်တွင် လက်ရေးလှ ကားချပ်များနှင့် ပန်းချီကားများစွာ ရှိနေသည်ကို တွေ့လိုက်ရသည်။ ဒီနေ့ စွမ်းရည်ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ လက်ရာများပင်။ လက်ရေးလှနှင့် ပန်းချီကားချပ်များ အောက်တွင် 'ချင်းယွမ်အကယ်ဒမီကျောင်းမှ တစ်စုံတစ်ယောက်သည် ရှန်းရှန်းခန်းမ​ဆောင်တွင် ထိုရက် ထိုလ ထိုနှစ်တွင် ရှိနေခဲ့သည်' ကဲ့သို့သော စကားလုံးများကို ထည့်သွင်းထားသည်။

"ကြည့်ကြည့်ဦး....သခင်​လေး။" ချွမ်းရှန်းသည် ဧည့်ခန်းတံခါးရှေ့မျက်နှာစာရှိ နံရံပေါ်တွင် ပန်းချီနှင့် လက်ရေးလှပုံကို ညွှန်ပြလိုက်သည်။

“ဝါးမပါဘဲ နေလို့ရ​ပေမယ့် အသားမပါဘဲ မစားနိုင်။ အသားမရှိရင် လူကိုပိန်စေတယ်။ ဝါးမရှိရင် လူကို ဂုဏ်မှိန်စေတယ်”

နျဲ့ဟန် သဘောကျစွာ ပြုံးလိုက်သည်။ ကဗျာရေးတဲ့သူကို သဘောကျလေသလား၊ ကဗျာချိတ်တဲ့သူကိုပဲ သဘောကျသလားဆိုတာ မသိနိုင်ပေ။ ထို့နောက် သူ ပန်းခြံဆီသို့ ခပ်သွက်သွက် လမ်းလျှောက်လာသည်။
ညမှောင်ပြီးနောက် ထမင်းစားပြီးသောအခါ ချင်မျန်သည် ဝန်ထမ်းအားလုံးကို အစည်းအဝေးပြုလုပ်ရန် ဧည့်ခန်းသို့ခေါ်ခဲ့သည်။ ဝန်ထမ်းတွေရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာတွေကို ကြည့်ပြီး ရှီလက သူတို့အတွက် လက်ဖက်ရည်သောက်ဖို့ ကမ်း​ပေးလိုက်သည်။
လူတိုင်းသည် အထက်လူကြီး၏စေတနာကြောင့် ဝမ်း​မြောက်ကြ​လေသည်။

သူ့အပေါ် အာရုံစူးစိုက်မှုပြန်ရလာကြောင်း သေချာပြီးနောက် ချင်မျန် စပြောလိုက်သည်။ "ဒီနေ့လူတိုင်း အထူးသဖြင့် စားဖိုမှူးတွေနဲ့ စားပွဲထိုးတွေ အရမ်းကြိုးစားခဲ့ကြတယ်။ ဒီနေ့ ဧည့်သည်တွေက များလွန်းတာကြောင့် မင်းတို့အတွက် အလုပ်အများဆုံးပဲ။  ဒါ​ပေမယ့်လည်း ငါတို့ရဲ့ ရှန်းရှန်းခန်းမ​ဆောင်က ဒေသခံ ဖောက်သည် အနည်းငယ်သာရှိတဲ့ အမည်မဲ့ ဝေးလံခေါင်သီတဲ့ မြို့ငယ်လေးမှာ ရှိတယ်။ ဒါ အမှန်ပဲ။ လျှော့စျေးသုံးရက်ပြီးရင်​တော့ ဒီနေ့လိုမျိုး ဖောက်သည်တွေ များလာမှာ​တော့ မဟုတ်ဘူး။ သူဌေးကြီးနှင့် ငါ အခုလောလောဆယ်မှာ​တော့ စားဖိုမှူးနဲ့ ဝန်ထမ်းတွေကို နောက်ထပ် ခန့်တော့မှာမဟုတ်ဘူး။ အခြေအနေကို အရင်စောင့်ကြည့်ရအောင်။ စားဖိုမှူးလေးဦးနဲ့ စားပွဲထိုးတွေအားလုံး နောက်ထပ်နှစ်ရက် အလုပ်ကြိုးစားရဦးမယ်။ တခြားသူတွေလည်း ဒီလိုပါပဲ။ ဒါပေမယ့် လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုကတော့ အောင်မြင်သွားပြီ။ သူဌေးကြီးနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်ထားတာ ရှိတယ်။ ဒီနေ့မှာ လူတိုင်းကို ချီး​မြောက်တဲ့အနေနဲ့ ဝမ် ၅၀ ချီးမြှင့်မယ်လို့ ဆုံးဖြတ်ထားတယ်။"

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now