[49+50]

5.8K 800 42
                                    

[Unicode]

049 - ပြင်းထန်တဲ့လှည့်ကွက်တွေမပါရင် အလုပ်မဖြစ်ဘူးပဲ!

ထို့​နောက် တုရှီ ကျယ်​လောင်စွာ ငို​​ကြွေး​ပြတော့၏။ “သူ့မှာ ကိုယ်ပိုင်ဆိုင်ဖွင့်ဖို့ ပိုက်ဆံရှိတယ်၊သူ့ရဲ့သွေးရင်းညီအကိုတွေအတွက် အလုပ်​လေး​ပေးဖို့ကိုကျ တောင်းဆိုပေမယ့် မပေးချင်ဘူးလေ။ဒါ သားသမီးဝတ္တရား မ​ကျေပွန်.....”

ချင်မျန် ထပ်ပြော၏။ “ကျွန်​​တော်တို့ဆိုင်က ဝန်ထမ်းမလိုဘူးဆိုတာ သူ့ညီအစ်ကိုတွေက သိပါတယ်။ဒါ့အပြင် ကျွန်တော်တို့ ငှားထားတဲ့ ဝန်ထမ်းနှစ်ယောက်စလုံးနဲ့က စာချုပ်ချုပ်ပြီးပြီ။သဘောတူညီချက်ကို ချိုးဖောက်လို့မရနိုင်ဘူး။ဒါကို သူတို့ကို ငှားဖို့ပဲ ကျွန်တော်တို့ကို တောင်းဆိုနေတာ။ဒီကဖောက်သည်တွေ မြင်တဲ့အတိုင်း ကျွန်တော်တို့ဆိုင်က သေးသေးလေးဆိုတော့ ဘယ်မှာ ဝန်ထမ်းတွေ အများကြီးလိုမှာလဲ?”

"အဲ့ဒါအမှန်ပဲ။" ဖောက်သည်အများစုက ခေါင်းညိတ် သဘောတူကြသည်။

အချို့ကလည်း ပေါ်တင်​ပြောဆိုကြသည်။"ညီအစ်ကိုတွေက ဘာမှမလုပ်ဘဲ ပိုက်ဆံ လိုချင်နေကြတာ​တော့ မဟုတ်ဘူးမလား?”

တုရှီ၏မျက်နှာသည် ပြာသွားလိုက် နီသွားလိုက် ဖြူသွားလိုက် ဖြစ်သွား၏။သူမ ခေါင်းငုံ့ကာ မည်သည်ကိုအတွေးများနေသည်မှန်း မသိ။ထို့နောက် မြေပြင်မှထကာ ဘာမှ စိတ်ဝင်တစားမရှိ မာလာထျန်းသာချက်နေသော လဲ့ယ်ထျဲကို ကြည့်လိုက်သည်။သူမသည် ဝမ်းနည်းကြေကွဲနေသည်လေသံဖြင့် “လောင်တာ့....မင်းက အ​မေ့ကို သ​ဘောမကျမှန်း သိပါတယ်။ဒီမိထွေးက မင်းကို အမြဲအပြစ်ရှာနေတာလို့ အမြဲတွေးနေတယ်မလား။မင်းကို အ​မေ့အပေါ် မေတ္တာထားရှိပေးဖို့ မတောင်းဆိုပါဘူး။မင်းတို့အားလုံးက ဖ​အေတူတွေဖြစ်တယ်ဆိုတဲ့အချက်လေးကိုပဲ စိတ်ထဲသွင်းပြီး မင်းရဲ့ညီအစ်ကိုတွေကို အလုပ်လေးသွင်းပေးဖို့​ကို စဉ်းစားဖို့ပဲ တောင်းဆိုတာပါ။”

ဖောက်သည်အချို့က နားလည်မှုရှိသောအကြည့်ဖြင့် ခေါင်းညိတ်ပြပြီး တုရှီပြောသည့်စကားက ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိကြသည်။
ချင်မျန်၏အမူအရာမှာတော့ အေးစက်သွား၏။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now