[16]

5.5K 811 16
                                    

[Unicode]

016:ယောကျ်ားကောင်းတစ်​ယောက်က ငွေ​ရေးကြေးရေး စီမံခန့်ခွဲပိုင်ခွင့်ကို အရင်ဦးဆုံး အစပြုပြီး လွှဲ​ပြောင်း​ပေးထားသင့်တယ်

“ဒါကို ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ?ဒီထင်းတွေကို ခုတ်ဖို့က လွယ်တာမဟုတ်ဘူး” ချင်မျန်က အဆောတလျင် ငြင်းလိုက်သည်။ဒီလိုထင်းစည်းခပ်ကြီးကြီးမျိုးကို ခုတ်ထစ်ပြီး နေလှန်းဖို့တင် အနည်းဆုံး ငါးရက်/ခြောက်ရက်လောက် နေလှမ်းဖို့လိုတာကို သိရ၏။ဒီကျန်းတ​ရွှေက တကယ်ကို နွေးထွေးတဲ့ လူတစ်ယောက်ပဲ။

လဲ့ယ်ထျဲက အသံတွေကိုကြားတာ​ကြောင့် ထွက်လာပြီး “အစ်ကိုကျန်း ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့မှာ ထင်းတွေရှိပါတယ်။”

“ငါပေးပါတယ်ဆိုကွာ။ဒါကို ယူထားလိုက်။ဒီမှာ သယ်လာပြီးပြီ၊ပြန်မသယ်ချင်တော့ဘူး" ကျန်းတ​ရွှေက ဟက်ဟက်ပက်ပက် ရယ်မောရင်း နဖူးပေါ်က ချွေးတွေကို သုတ်လိုက်သည်။

ချင်မျန်က လက်ခံလိုက်ရ​တော့သည်။ "ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း။ဝင်ထိုင်ပါဦး။ကျွန်တော်တို့ မိသားစုနဲ့အိမ်ခွဲလိုက်ပြီဆိုတာကို အစ်ကိုဘယ်လိုလုပ်ပြီး သိတာလဲ?"

ကျန်းတ​ရွှေက ထိုင်မ​နေ​တော့​ကြောင်း သူ့လက်ကို ဝှေ့ယမ်းပြလိုက်ပြီး "ငါပဲသိရုံတင် မကဘူး။ရွာသားတွေအားလုံးလည်း သိနေပြီ။ အများစုက အ​ဒေါ်ကျိုးဆီက သိတာဖြစ်နိုင်တယ်။”

လဲ့ယ်တာချန် နှင့် တုရှီတို့က လဲ့ယ်ထျဲ၏မိဘများဖြစ်သောကြောင့် လဲ့ယ်ထျဲရှေ့တွင် သူအများကြီးမပြောနိုင်ပေ။

"မင်းတို့တွေလည်း အလုပ်များနေတယ်မလား။ငါလည်း ပြန်တော့မယ် လယ်ကွင်းထဲမှာ အလုပ်ရှိသေးတယ်။”

"ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း။ဂရုစိုက်သွားပါဦး"

ဧည့်သည်ကို ခြေလှမ်းအနည်းငယ်ခန့် လိုက်ပို့​ပေးပြီးနောက် ချင်မျန်သည် အဝတ်များကို နေလှန်းရန် ပြန်လှည့်လာခဲ့သည်။

"ကုလားထိုင် ပြင်ပြီးပြီလား?ဝယ်စရာတွေ အရမ်းများတယ်။ထမင်းစားဖို့ ပန်းကန်နဲ့တူတောင် မရှိဘူး။ကျွန်တော်တို့မြို့ကို မြန်မြန်သွားကြမယ်လေ"

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now