[55]

4.8K 735 10
                                    

[Unicode]

055: အတူတကွရှိပြီးနောက် ပထမဆုံးပွဲတော်

"နည်းနည်းစျေးကြီးတယ်။" လဲ့ယ်ရှန်းရန်သည်လည်း သဘောတူထောက်ခံ၏။ “ဝက်နံရိုးသားပါးပါး​လေးကို နှစ်ဝမ်တဲ့"
ဧည့်သည်များကို ဟော့ပေါ့ပြင်​ပေးရန် အပြင်ဘက် အနည်းငယ်အကွာတွင် ရပ်နေသော ချန်းစီသည် ထိုနှစ်ယောက်အား ဆွံအမိလျက် မထီမဲ့မြင်ကြည့်နေခဲ့သည်။

ဒီလူတွေက ဘယ်ကနေ​ရောက်လာတာလဲ?အရမ်းဈေးကြီးနေရင်လည်း မစားပါနဲ့လား။ဒါ့အပြင် တုတ်ထိုးတစ်ခုစီမှာရှိနေတဲ့ အသားလုံးတွေကလည်း အရွယ်အစား တူတူပဲ​လေ။ရွေးဖို့ လိုအပ်လို့လား?

ချင်မျန်က တစ်ချက်မျှမကြည့်ဘဲ အသာအယာ ဖြေးညှင်းစွာပြောလိုက်၏။
"ညာဘက်​ထောင့်မှာ​ပေါက်စီ​ရောင်းတဲ့ဆိုင် ရှိတယ်။တည့်တည့်ဆက်သွားလိုက်ရင် ခေါက်ဆွဲဆိုင်နဲ့ နှမ်းကပ်မုန့်​တွေ ရောင်းတဲ့ဆိုင်လည်း ရှိတယ်"

ကျိုးရှီ ခေါင်းငုံ့လျက် တိတ်သွား​တော့သည်။

လဲ့ယ်ရှန်းလီသည်လည်း သူ့ရဲ့ လောင်အာ့နဲ့လောင်အာ့ဇနီးတို့​ကြောင့် ရှက်သွားရသည်။သူ ကျယ်လောင်တဲ့ အသံနဲ့ပြောလိုက်တော့သည်။ “နောက်ထပ်စားသုံးသူတွေလာနေပြီ။မြန်မြန်လုပ်။ကောင်းကောင်းရွေးပြီးသွားရင် အရင်ပြုတ်ဖို့ ပေးလိုက်တော့။"

ကျိုးရှီနှင့် လဲ့ယ်ရှန်းရန်တို့သည် စကားမပြောတော့ဘဲ ဟင်းလျာအမယ်​တွေ ရွေးချယ်နေတာကိုသာ အရှိန်မြှင့်လိုက်တော့သည်။
ချင်းရှီက​တော့ဖြင့် စကားတစ်ခွန်းမှ မဆိုဘဲ သူမလိုချင်သော ဟင်းလျာများကို ရွေးချယ်ပြီးပြီဖြစ်သည်။ဘာပဲဖြစ်ဖြစ် ဒီနေ့ သူတို့ရထားတဲ့ ပိုက်ဆံအားလုံးက တုရှီကို ပြန်ပေးရလိမ့်မယ်။အခု မစားပါက သူမကသာ အရူးတစ်​ယောက်ဖြစ်​နေလိမ်းမယ်။

ခင်ပွန်းသည်က ဟင်းရွက်ဟင်းလျာများကိုသာ ရွေးယူနေသည်ကို မြင်လိုက်ရသဖြင့် သူမ အကြည့်ဖြတ်ကာ ပြန်ရွေးရန် ကူညီပေးခဲ့သည်။သူမ သူ့အတွက် နောက်ထပ် အသားများကို ရွေးပေးခဲ့သည်။
လဲ့ယ်ရှန်းရီက ညင်သာစွာ ပြုံးလိုက်၏။
ချင်းရှီ၏မျက်နှာကဖြင့် နီရဲလာတော့သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now