[12]

5.5K 822 13
                                    

[Unicode]

013:မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ခွဲခြမ်းပြီး အိမ်ခွဲနေခြင်း (4)

ချင်မျန်နဲ့ လဲ့ယ်ထျဲက တံစဉ်တစ်ခုကို ကိုင်လျက် ထွက်သွားပြီး အဲ့ဒီအချိန်မှာပဲ အရှေ့ဘက်မှာနေတဲ့ အိမ်နီးနားချင်းက သူခြံထဲကနေထွက်လာပြီး အမှတ်တမဲ့ တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းစုံ မိသွားကြသည်။

ချင်မျန်သည် အလွန်ရှက်ရွံ့မိပြီး ထိုမိသားစုရဲ့စိတ်နေသ​ဘောထားကို သဘောကျသည်။တုရှီက ရွာကလူတစ်ဝက်လောက်ထိ ကြားနိုင်လောက်အောင် နေ့တိုင်း ဆူပူကြိမ်းမောင်းလေ့ရှိသည်။ဒီ အိမ်နီးနားချင်းတွေက​တော့ အနစ်နာဆုံးသူတွေပေါ့​လေ။သူတို့ဆီကကန့်ကွက်တဲ့သံလေးကို​တောင် သူ တစ်ခါမှမကြားဖူးရတာလဲ?

“သွားကြတော့မလို့လား...ဟမ်။” အဘိုးကြီးသည် စကားစမြည်ပြောတိုင်း အမြဲပြုံးလေ့ရှိသည်။သူက အလွန်နူးညံ့ချိုသာပြီး သူ့မျက်လုံးထဲတွင် ရှုတ်ချမှုဟူသည် မရှိ။ချင်မျန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်လည်ခေါင်းညိတ်ပြပြီး

“ဦးလေး..ကောင်း​သောမနက်ခင်းပါ။ကျွန်တော်တို့ မြက်ရိတ်ဖို့ သွားလိုက်ဦးမယ်။"

အဘိုးအိုက ရယ်မောရင်း “ဘာကိုဦးလေးလဲ?ငါ့ကို ကျန်းလောင်ကျို့ကျိုလို့ခေါ်နိုင်တယ်။"

"ကျန်းလောင်ကျို့ကျို..." ချင်မျန်သည် အကြံဉာဏ်ကောင်းကို အလွယ်တကူလက်ခဲ့သည်။ဤလူကြီးကား မိသားစု သို့မဟုတ် မျိုးနွယ်စုတွင် ရာထူးမြင့်မားမည်ဟု သူထင်မိသည်။ကျေးလက်ဒေသတွင် အချင်းချင်း ဆက်နွယ်ပတ်သက်နေသူများ အများအပြားရှိခဲ့ပြီး ယင်းမှာလည်း သူတို့၏သက်ကြီးရွယ်အိုများကို အဆင့်သတ်မှတ်ခြင်းပင်။

“မြန်မြန်သွားကြ​တော့​လေ...။” သူ့နောက်ကျောဘက်ကို လက်ပစ်ရင်း ကျန်းလောင်ကျို့ကျိုသည် အခြားလမ်းကြောင်းဘက်သို့ လှည့်သွား၏။

ချင်မျန်သည် လဲ့ယ်ထျဲနောက်က​နေ တောင်ခြေတလျှောက်လုံး လျှောက်လာခဲ့သည်။

"တောင်ပေါ်သွားမလို့လား?" ချင်မျန်က မေးလိုက်သည်။လဲ့ယ်ထျဲက ခေါင်းညိတ်၏။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now