[76]

4.8K 771 8
                                    

[Unicode]

076: အ​စေခံများ ဝယ်ယူခြင်း။

ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည် အိမ်ကြီးအား အလုပ်သမားများ ခန့်ထားရန် စီစဉ်ခဲ့ကြသည်။မြို့၏အရစ်ကျစနစ်မှာ အလွန်နည်းပြီး သူတို့ရောင်းချသည့် လူ​တွေမှာလည်း ပျော့ပြီး အခြေခံအရည်အသွေးများပင် ချို့တဲ့ကြသည်။သူတို့နှစ်ဦးသား စစ်တမ်းကောက်ယူရန် ကျိုးယန်မြို့​တော်ကိုသွား၍ လှည့်ပတ်သွားကြည့်ခဲ့ကြသည်။

မြို့တော်နဲ့ မြို့စွန်မြို့ဖျားရှိ မြို့​လေး၏အ​ခြေအ​နေတွေက မတူပေ။တစ်ဦးတည်း နေထိုင်မှုအဆင့်သည်ပင် ရေ​ပြေးမြို့နှင့် မယှဉ်နိုင်။မြို့တော်၏တံခါးသည် အဝင်အထွက်အဆက်မပြတ်ရှိ​နေကာ လူပေါင်းစုံ၊ အဆုံးမရှိသည့် မြင်းများနှင့် ရထားများဖြင့်လည်း ပြည့်နေသည်။ရထားလုံးရုံတွင် နွားလှည်းကို အပ်ထားခဲ့ပြီးနောက် နှစ်ယောက်သား မြို့ထဲကို လမ်းလျှောက်သွားကြ၏။ချင်မျန်သည် ကျယ်ဝန်းတဲ့လမ်းမကြီးတွေ၊ လမ်းသွားလမ်းလာတွေရဲ့လှပတဲ့အဝတ်အစား​တွေနှင့် ဈေးဆိုင်တန်းများကို ကြည့်လိုက်ရာ အကုန်လုံးကို မျက်လုံးထဲထည့်ကြည့်နိုင်ဖို့ပင် နည်းနည်းလေး​တော့ များလွန်းနေ၏။

"ချန်းမန်လမ်းကို သွားကြည့်ပါလား?အဲဒီမှာ လူစည်တယ်။” လဲ့ယ်ထျဲသည် သူ့ဇနီးလေး၏ပုံစံကို မြင်မိ​တော့ သနားသွားရသည်။မြို့တော်ကို လာလည်တာ သူ့ဇနီးလေးရဲ့ပထမဆုံးအကြိမ်မို့ သူ့ကို ပျော်အောင်ထားသင့်သည်လေ။

ချင်မျန်က "မသွား​တော့ဘူး။ပေါ့ပေါ့ပါးပါးပဲ လျှောက်လည်ကြည့်ကြရအောင်" ကူး​ပြောင်းလာသူအဖြစ် ယခင်က တီဗီမှတစ်ဆင့် ရုပ်ရှင်များတွင်သာ ရှေးခေတ်ပုံစံမြို့တော်များနှင့် မြို့ငယ်များကိုသာ မြင်တွေ့ခဲ့ရသည်။အခု သူကိုယ်တိုင် ရိုက်ကွင်းမှာ ရှိနေသလို ဖြစ်​နေသည်​ကြောင့် သူ့စိတ်ဝင်စားမှုမှာ နည်းနည်းလေးတော့ တိုးသွား၏။

(ခရိုင်)မြို့တော်တွင်းရှိ အရာများသည် ပိုမိုလက်ရာမြောက်သည်၊ ပိုမိုအဆင့်မြင့်သည်၊ မြို့ငယ်ရှိအရာများထက် ပို၍ကွဲပြားသည်။ချင်မျန်သည် အထည်ဆိုင်၊ လက်ဝတ်ရတနာဆိုင်၊ သံထည်ဆိုင်သို့ လှုပ်ရှားသွားလာခဲ့ပြီး စားသောက်ဆိုင်ကြီးတစ်ဆိုင်သို့ ဝင်ရောက်ခဲ့သည်။အထဲကို လမ်းလျှောက်ဝင်သွားပြီး စားပွဲပေါ်က အစားအသောက်တွေကို စကင်န်ဖတ်သလိုဖတ်ကာ ပြန်ထွက်လာ၏။အာခြောက်သွားသည်အထိ ဟင်းလျာမျိုးစုံကို စိတ်ပါလက်ပါ မိတ်ဆက်ပေးခဲ့သော စားပွဲထိုးမှာတော့ မျက်လုံးတွေကိုသာ နောက်လှန်ပြ​လေသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now