[85]

4.1K 601 17
                                    

[Unicode]

085 : ဟင်းလျာချက်နည်းအား ရောင်းချခြင်း

အထူးတလည်ဖြင့် ချင်မျန်သည် လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီတို့ကို ဟင်းလျာအမျိုးမျိုး စမ်းချက်ထားဖို့ စဉ်းစားထားသင့်​ကြောင်း သတိပေးခဲ့သည်။သူ့ဆွေမျိုးတွေကို သူ့ရဲ့ဝိုင်ဆိုင်တွင် မပါဝင်စေချင်။သူ လဲ့ယ်ရှန်းရီနှင့် လဲ့ယ်ရှန်းလီတို့ကို ဤနည်းဖြင့်သာ ဆွဲထုတ်ထားခဲ့သည်။တုရှီကို ပြန်ပြောပြမလားဆိုတာကတော့ သူ့အတွက် အရေးမကြီးပေ။

ဝိုင်အိမ်ကိုဆောက်ဖို့ဆိုရာဝယ် တစ်စုံတစ်​ယောက်က​တော့ အိမ်ဆောက်ပစ္စည်းတွေဝယ်ရမယ်၊ ပစ္စည်းတွေကိုစောင့်ကြပ်ပေးရမယ်၊ အလုပ်ကိုလည်း ကြီးကြပ်ပေးရမယ်။ဒါ့အပြင် အလုပ်သမားတွေအတွက် စားနပ်ရိက္ခာကို ပြင်ဆင်​ပေးရမယ်—သေချာသည်မှာ ကြီးကြီးမားမား ပရောဂျက်တစ်ခုပင်။

ချင်မျန်သည် ရွာရှိ မည်သို့​သောလူများကို အလုပ်ခန့်ရမည်ကို ရှာဖွေခဲ့ပြီး ယင်းတို့၏အရည်အချင်းနှင့် အဆင့်အလိုက် အလုပ်ခန့်ထားရေးအတွက် လူသုံးဆယ်ကို စာရင်းပြုစုခဲ့သည်။ဦးလေးကျိုးဝမ်ကျုံးသည် စာတတ်မြောက်ထားပြီး စီးပွားရေးတွင် ဆယ်နှစ်နီးပါး လုပ်ကိုင်ခဲ့ဖူးသူပင်။ဒါ့​ကြောင့် ချင်မျန် သူ့အား နေ့စဥ်အသုံးစရိတ်များကို တာဝန်ယူစာရင်းပြုစု​ပေးထားရန် စာရင်းကိုင်တစ်ဦးအဖြစ် လုပ်ကိုင်ဖို့ အထူးတလည်ဖိတ်ကြားခဲ့သည်။ဆောက်လုပ်ရေးတာဝန်ခံ အလုပ်သမားများသည်ကား ခရိုင်မြို့မှ လဲ့ယ့်ထျဲကိုယ်တိုင် ငှားရမ်းထားသော ကျွမ်းကျင်လက်သမားဆရာများ ဖြစ်၏။

ဤအချိန်တွင် အနှီစီမံကိန်းသည် အလွန်အရေးတကြီးဖြစ်နေပြီး စပါးမရိတ်သိမ်းမီ ပြီးစီးဖို့ လိုအပ်သည်။လယ်ယာလုပ်ငန်းကိစ္စများ စတင်ဝင်ရောက်လာပါက လုပ်သားအင်အား ပြတ်တောက်မှု ပြင်းထန်လာပေမည်။အလုပ်အားလုံးကို စီစဉ်ပြီးသောအခါ ချင်မျန်နှင့် လဲ့ယ့်ထျဲတို့က အလုပ်ကို ကြီးကြပ်ရန်သာ တာဝန်ရှိတော့သည်။သူတို့လက်ထဲမှာရှိတဲ့ ပိုက်ဆံတွေက​တော့ တဖြည်းဖြည်းနည်းလာပြီး ဝိုင်ဆိုင်ကြီး တဖြည်းဖြည်း ပြောင်းလဲလာတာကို ကြည့်ကာ နှစ်ယောက်လုံး အရမ်းကျေနပ်သွားကြ၏။နေ့တိုင်း အရမ်းပင်ပန်းနေရရင်တောင် ထိုက်တန်လွန်းတယ်လို့ ခံစားမိ၏။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now