[66][Volume One End]

5.3K 752 19
                                    

[Unicode]

066: အခုက​နေစပြီး နှစ်သစ်ကူးပွဲကို အတူတူကျင်းပကြတာ​ပေါ့ (2)

"ဘယ်လိုလဲ?" ချင်မျန်သည် ရတနာတွေ လက်ဆောင်ပေးနေသလို အကြည့်နဲ့ ကြည့်ကာ ပြောလိုက်သည်။
"ဒါတွေကို ခင်ဗျား အရင်ကလည်း မမြင်ဖူးသလို စားလည်းမစားဖူးဘူးမလား?"

လဲ့ယ်ထျဲသည် ချင်မျန်ကို ခါးက​နေ​ပွေ့ဖက်လိုက်ပြီး သူ့ရင်ခွင်ထဲထည့်ကာ တိုးတိုး​လေးကပ်​ပြောလိုက်၏။ “ဘယ်တော့မှ မေ့မှာမဟုတ်​တော့ဘူး”

ချင်မျန်က​တော့ သူ့ရဲ့အတိတ်​တွေထဲမှာ တစ်ချိန်လုံး နှစ်မြှုပ်နေသည်ကို သ​ဘောမကျ​ပေ။သူ လက်ကိုဝှေ့ယမ်းပြီး “အတိတ်ကို ပြန်မတွေးနဲ့။လူတွေက ခင်ဗျားကို မကြိုက်လေလေ သူတို့ထက် အဆပေါင်းတစ်သိန်း၊ တစ်ထောင်လောက် ပိုကောင်းအောင် နေနိုင်လေလေပဲ" သူ မုန့်လိမ်ကြော်(မုန့်ကြိုးလိမ်)ကို ကောက်ကိုင်လိုက်ပြီး လဲ့ယ်ထျဲ၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

လဲယ်ထျဲ၏လက်နှစ်ချောင်းက မုန့်လိမ်ကြော်ကိုဆုပ်ကိုင်ထားပြီး ခေါင်းကို ခါယမ်းလိုက်၏။ “အဲဒီလူတွေအ​ကြောင်း ခေါင်းထဲမထည့်ထားပါဘူး”

သူ သူတို့အား ဂရုမစိုက်သည်မှာ ကြာလှပြီ။သူ့ထံ၌ သူ့ဇနီး​လေးတစ်​ယောက်သာရှိ​နေသရွေ့ သူ့အတွက် လုံလောက်၏။

၁၂လ၏ ၂၉ရက်နေ့တွင် အခြားရွာသားများသည်လည်း ပြုတ်လိုက်၊ မွှေကြော်လုပ်လိုက်၊ နှစ်ပြန်ကြော်လုပ်လိုက်ဖြင့် အလုပ်များနေကြသည်။ချင်မျန်နှင့်လဲ့ယ်ထျဲတို့သည် ပိုင်တျန့်လေးကို​ခေါ်ကာ ကျန်းတ​ရွှေနှင့် ဝူတိတို့၏အိမ်သို့ သွားရောက်လည်ပတ်ခဲ့ကြသည်။

နှစ်သစ်ကူးနေ့တွင် ရွာရှိအိမ်ထောင်စုများသည် ဧည့်သည်များအား သူတို့၏ကိုယ်ပိုင်အစားအစာအဖြစ် ဖရဲစေ့ကြော်၊ မြေပဲကြော်၊ ပဲလုံးကြော်တို့ဖြင့် ဧည့်ခံကျွေးမွေးကြသည်။ပိုက်ဆံသုံးနိုင်တဲ့သူတွေက​တော့ မြို့ထဲမှာ မုန့်အစုံတွေဝယ်ကြ၏။ဒါမှမဟုတ် တခြားအဆာပြေ၊ သစ်သီးခြောက်တွေ ဝယ်ကာ ဧည့်ခံ၏။
အလုပ်ရှုပ်သက်သာစေရန် ချင်မျန်သည်လည်း ဖရဲစေ့ကြော်၊ မြေပဲကြော်နှင့် ပဲလုံးကြော်တို့ကိုသာ ဝယ်ခဲ့သည်။ထို့ကြောင့် သူနှင့်လဲ့ယ်ထျဲတို့ အေးအေးဆေးဆေးသာ နေလိုက်ကြသည်။ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်း မရည်ရွယ်ဘဲ သော်လည်းကောင်း နှစ်ယောက်သား အိမ်ဟောင်းကို ဖြတ်ပင်မသွားချေ။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now