[34]

5.6K 806 6
                                    

[Unicode]

034: ချွေးမ PK ယောက္ခမ 

“အရမ်း အစွမ်းထက်တာပဲ!” ချင်မျန် လဲ့ယ်ထျဲဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး သူ့လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။ “နောင်အခါကျရင် ကျွန်တော်လည်း ကြိုးကြိုးစားစား သင်ယူပါ့မယ်။ခင်ဗျား ကျွန်​တော့်ကို သင်ပေးတာမှန်သမျှ စိတ်ထဲ နှလုံးသားထဲက​​နေ မှတ်ထားမယ်"

လဲ့ယ်ထျဲ စိတ်လှုပ်ရှားနေသည်ကို မ​ပေါ်ရ​အောင် ထိန်းရင်း သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် သူ့လက်​တွေကို ကြည့်​နေ၏။ပိန်ပိန်သေးသေးလေး ဖြစ်​နေတုန်းပဲ။ "မင်းရဲ့စွမ်းဆောင်မှုအပေါ် မူတည်တယ်။"

ချင်မျန် ပြောလိုက်သည်။ “ကိစ္စမရှိပါဘူး!ကျွန်တော်  သက်​သေပြပါ့မယ်...ခင်ဗျား ကျွန်​တော့်ကို တကယ်ကြိုက်.....ကျွန်တော်ချက်​ပေးတာ​တွေကို ကြိုက်တယ်မဟုတ်လား?အရင်အိမ်ဟောင်းမှာ  စားရတာထက် အခု အများကြီးပိုစားနိုင်တယ်။နောက်မှ ပိုအရသာရှိတဲ့ အစားအစာတွေ ထပ်လုပ်ပေးမယ်။ဟုတ်ပြီလား?"

သူဇနီးလေး အထင်လွဲသွားပုံကြောင့် လဲ့ယ်ထျဲ အံ့သြသင့်သွားသည်။ “မင်းရဲ့ စွမ်းဆောင်မှုအပေါ် မူတည်တယ်” ဟူသော စကားသည် သူ့ဇနီးလေးရဲ့ ကိုယ်ခံပညာကို လေ့ကျင့်ရန် အရည်အချင်းကို ရည်ညွှန်းခြင်းသာ။သို့သော် ပြန်ရှင်းပြရန် မလုပ်​တော့ဘဲ နှုတ်ခမ်းထောင့်စွန်းမှ အပြုံးတစ်ခု လွင့်ပျံသွားသည်။

“အင်း...တောင်ပေါ်မှာမြူနှင်းတွေ ထူထပ်လာပြီ ပြန်သွားရ​အောင်”

သူတို့ရဲ့ဖိနပ်နှင့် ဘောင်းဘီအောက်ခြေများသည် မြက်ပင်များမှ နှင်းမှုန်များကြောင့် စိုစွတ်သွား​တော့သည်။
လက်ချင်းချိတ်ပြီး တောင်ပေါ်ကို ဆင်းခဲ့ကြ၏။ချင်မျန်က​တော့ဖြင့် တောထဲရှိ ရှုခင်းများကို အမြဲလိုလို ကြည့်ရှုနေသောကြောင့် ယင်းကို သတိမထားမိပေ။
အိမ်ပြန်ရောက်တော့ ချင်မျန် ချက်ချင်းပဲ အိမ်တဝိုက်ကို ပြေးတော့သည်။

လဲ့ယ်ထျဲ တခဏမျှ တုံ့ဆိုင်းသွားပြီး လယ်မြေဘက်သို့ အလျင်စလို မသွား​ဖြစ်​တော့​ပေ။သူ့ရဲ့ပစ္စည်းကိရိယာပုံးကိုထုတ်ကာ တံခါးဝတွင်ထိုင်လျက် သစ်သားတွန်းလှည်း၏နောက်ဆုံးအဆင့်ကို ပြီးမြောက်ရန် အချိန်ယူနေလိုက်သည်။ဇနီး​လေး သူ့ရှေ့က​နေ တဟုန်ထိုး ဖြတ်ပြေးသွားတိုင်း သူ မော့ကြည့်လိုက်သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now