[44]

5.2K 732 18
                                    

[Unicode]

044: မ​မျှော်လင့်ထားသည့် ခရီးတစ်​ထောက်

ဤရက်များတွင် ချင်မျန်သည် လဲ့ယ်ထျဲ ပြန်လာသည့်အချိန်တိုင်း ထမင်းစားနိုင်စေရန်အတွက် နေ့တိုင်း ထမင်းပို၍ ချက်ထားလေ့ရှိသည်။ညနေကထမင်းကျန်က ထမင်းကြော်လုပ်လို့ အဆင်ပြေ၏။ကြက်ဥနှစ်လုံးကို ဖောက်ထည့်ကာ မွှေထည့်ပြီးနောက် မုန်လာဥနီတစ်လုံးနဲ့ အသီးအရွက်လက်တစ်ဆုပ်စာလောက်ကို ရေဆေး၊လှီးဖြတ်ပြီး အရသာရှိတဲ့ ထမင်းကြော်ကို ကြော်လိုက်သည်။တစ်ချိန်တည်းမှာပင် မီးသွေးမီးဖိုပေါ်တွင် ချဉ်ချဉ်စပ်စပ် ဟင်းချိုကိုလည်း ချက်ပြုတ်ခဲ့သည်။

ရေချိုးပြီးသည်နှင့် လဲ့ယ်ထျဲ အဝတ်သန့်တစ်စုံကို ဝတ်ကာ မီးဖိုချောင်ထဲသို့ ဝင်လာခဲ့သည်။ဇနီးလေးက ထမင်းကြော်ကို စားပွဲပေါ်သွားတင်နေတာမြင်တော့ သူလည်းပဲ ခါးကိုကိုင်းပြီး မီးဖိုပေါ်က မြေအိုးကိုမကာ သူ့နောက်က​နေ လိုက်သွားခဲ့သည်။

"လုံလောက်ပြီလား?" ချင်မျန် မေးလိုက်သည်။ပန်းကန်ပြားပေါ်တွင် တင်ထားသည့် ထမင်းကြော်မှာ အရောင်အသွေးပါမက အရသာပါ အပြည့်ရှိသည်ပုံ။ချင်မျန်မှာ အစားအသောက်တွေကို နှစ်သက်မိသောကြောင့် ပန်းကန်အမျိုးမျိုးကိုလည်း အထူးနှစ်ခြိုက်ခဲ့သည်။အိမ်ရှိပန်းကန်များသည် ပုံသဏ္ဍာန်၊ အရွယ်အစားအမျိုးမျိုးရှိနေပြီး ထမင်းကြော်အတွက် ပန်းကန်ပြားမှာ အလွန်ကြီးမား၏။

"လုံလောက်တယ်။" လဲယ်ထျဲ မီးဖိုချောင်သို့သွားကာ ပန်းကန်လေးလုံးယူပြီး ထမင်းနှစ်ပန်းကန်နှင့် ဟင်းချိုပန်းကန်နှစ်လုံး ချ​ပေးလိုက်၏။
“မင်းလည်း စား”

ချင်မျန်လည်း တကယ်ဗိုက်ဆာလာတာ​ကြောင့် ထမင်းကြော်ပန်းကန်ကို လှမ်းယူလိုက်သည်။

"လုံလောက်ပြီလား?" လဲ့ယ်ထျဲ သူ့ဘေးမှာထိုင်ပြီး မေးလိုက်သည်။သူ့ဇနီးလေး ခေါင်းညိတ်ပြသည်ကိုမြင်တော့ ထမင်းပန်းကန်ကို သူ့ရှေ့သို့ ရွှေ့လိုက်ပြီး စစားလိုက်သည်။

သူတကယ် ဗိုက်ဆာနေပြီဆိုတာ သိနိုင်ပေမယ့် သူ့လှုပ်ရှားမှုတွေက အရင်အတိုင်း မ​ပြောင်းလဲသွားပေမယ့်လည်း နည်းနည်းတော့ အလျင်လို​နေသလိုပင်။
ချင်မျန်၏နှုတ်ခမ်းထောင့်တွင် သေးငယ်သည့်အပြုံးတစ်ခု ဖြစ်တည်သွားသော်လည်း သူ့ ပြောင်ပြောင်ဘွင်းဘွင်း ပြောလိုက်သေးသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now