[23]

5.4K 763 12
                                    

[Unicode]

023:ပထမ​ရွှေအိုး အစီအစဉ်-လက်လုပ်​ခေါက်ဆွဲညစ်စက် (2)

ချင်မျန်က ဆေး​ကြောရမည့် ပန်းကန်ခွက်များကို မီးဖိုချောင်ထဲသို့ ယူသွားလိုက်သည်။ပြန်ထွက်လာတော့ သူ့လက်​တွေကို သုတ်လိုက်ပြီး အ​သေးစိတ်ပုံကြမ်းစာရွက်ကို ယူကာ လဲ့ယ်ထျဲကို ပေးလိုက်သည်။ “ဒါက ကျွန်တော် လက်လုပ်ခေါက်ဆွဲညစ်စက်ကို အ​သေးစိတ်​ရေးဆွဲထားတဲ့ပုံပါ။”

လက်လုပ်ခေါက်ဆွဲညစ်စက်လား? လဲ့ယ်ထျဲက စာရွက်ကို သံသယစိတ်ဖြင့် ယူကြည့်လိုက်သည်။ပထမဦးစွာ ဆွဲချက်​တွေက သေသပ်ပြီး နူးညံ့တာ​ကြောင့် မည်သည့်အရာဖြင့်ဆွဲထားသည်ကို မသိပေ။လောလောဆယ်တော့ သူ့စိတ်ထဲမှာသာ သံသယတွေ
ကို စုပုံထည့်ထားလိုက်ပြီး ပုံထဲကအကြောင်းအရာတွေကို ကြည့်လိုက်သည်။သူ့ဇနီး​လေးက ဤကဲ့သို့ပင် သူ့အပေါ်ကို သံသယဝင်စရာအချက်တွေများစွာ ရှိစေသည်။

ပုံက ရှင်းလင်းပြတ်သားပြီး နားလည်ရလွယ်ကူ၏။
ချင်မျန်သည် လဲ့ယ်ထျဲနံဘေးတွင် ဝင်ထိုင်လိုက်သည်။
"ကျွန်တော်တို့ မနေ့က မြို့ကို သွားခဲ့တယ်မလား?မြို့တွင်းက ခေါက်ဆွဲဆိုင်တွေက ခေါက်ဆွဲအများစုကို လတ်လတ်ဆတ်ဆတ်လုပ်ပြီး လတ်လတ်ဆတ်ဆတ် စားသုံးကြတယ်။ဒါ​ပေမယ့်လည်း အချိန်ကုန်လွန်းတာကို သွားတွေ့ခဲ့တယ်။ဒီလက်လုပ်​ခေါက်ဆွဲညစ်စက်နဲ့ဆိုရင် ခေါက်ဆွဲလုပ်သူအ​နေနဲ့ ခေါက်ဆွဲကို လျှင်မြန်စွာလုပ်နိုင်ပြီး ခေါက်ဆွဲတွေကိုလည်း အခြောက်ခံပြီး အချိန်ကြာမြင့်စွာ သိမ်းဆည်းထားနိုင်တယ်။ကျွန်တော်မှာ အကြံနှစ်ခုရှိတယ်။ဒီအသေးစိတ်ပုံစံကို လက်သမားဆရာဆီ ရောင်းရမလား ဒါမှမဟုတ် ခေါက်ဆွဲလုပ်သူ​တွေ၊ စားသောက်ဆိုင်တွေနဲ့ ခေါက်ဆွဲဆိုင်တွေမှာ ရောင်းချဖို့အတွက် လက်သမားဆရာတစ်ဦးကို အရင် ရှာဖွေရမလား?ဒီလိုဆိုရင်တော့ ဈေးကောင်းကောင်းနဲ့ ရောင်းလို့ရနိုင်တယ်။”

လဲ့ယ်ထျဲက သူ့ကို တခဏလောက် စိုက်ကြည့်ရင်း စကား​ပြောဖို့ရာ တုံ့ဆိုင်းသွားသည်။သူ့ဇနီး​လေးက ငွေရှာဖို့ကို အလျင်လိုနေပုံရတယ်!

သူ့မျက်လုံးတွေက ပုံကြမ်းဆီသို့ ပြန်သွားကာ သူ့မျက်လုံးတွေက​နေ လေးလေးနက်နက်တွေးတောစရာ အမှုန်အမွှားများ ဖြာကျလာပြီး “မင်းပြောသလိုဆိုရင် ဘာလို့ ကိုယ်တိုင် ခေါက်ဆွဲဆိုင်မဖွင့်တာလဲ?”

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now