[35]

5.2K 768 9
                                    

[Unicode]

035: လှည့်ကွက်များဖြင့် ကစားခြင်း။

“ပိုက်ဆံရှိခဲ့ရင်တောင် အခု အကုန်,ကုန်သွားပြီ။ကျွန်တော်တို့ နေဖို့ထိုင်ဖို့တော့ လိုအပ်သေးတယ်မလား?အခု ကျွန်တော်တို့လက်ထဲမှာ ငွေစတစ်တုံး၊ နှစ်တုံးပဲရှိတော့တာ။အိမ်ဆောက်ဖို့ လူတွေကို လုပ်အားခ ပေးရဦးမယ် မဟုတ်လား?ပြီးတော့ သူတို့ကို ထမင်းကျွေးရဦးမယ်။အဲဒီအတွက် ပိုက်ဆံမလောက်သေးဘူး။ဒီတော့ အမေရယ် လောင်အာ့ဇနီး၊ လောင်စန်းဇနီးတို့ကို အ​နှောင့်အယှက်​ပေးရ​တော့မယ်...ကျွန်တော်တို့ကို ချေးပေးနိုင်မလားလို့ တွေးမိလိုက်တယ်။တတ်နိုင်သမျှ အမြန်ဆုံး ပြန်ပေးပါ့မယ်။”

ချင်မျန်  တုရှီကို စိတ်ရင်းမှန်စွာ စိတ်အားထက်သန်နေသောမျက်လုံးများဖြင့် ကြည့်ကာ ကောက်ကာငင်ကာ ဆက်​ပြောလိုက်သေးသည်။ "ချေးငှားပြီးရင်လည်း ပြန်ရကြောင်းသေချာစေဖို့အတွက်  ချေးငွေပြေစာရေးပေးဆိုလည်း ရေး​ပေးနိုင်ပါတယ်!"

"ဘာ?"

တုရှီနှင့် သူမတို့၏မျက်နှာအမူအရာများမှာ တစ်ပြိုင်နက် ပြောင်းလဲသွားသည်။
ကျိုးရှီ ပါးစပ်ကိုဖွင့်ပြီး ကျယ်လောင်စွာအော်ပြောကာ "လောင်တာ့ဇနီး....ကျွန်မနဲ့ လောင်စန်းဇနီးကို အခက်အခဲတွေ ဖြစ်​အောင်လုပ်နေတာမဟုတ်ဘူးလား?အမေက အိမ်မှာစီမံခန့်ခွဲနေတာလေ ကျွန်မတို့ဆီမှာ ဘယ်လိုလုပ်ပြီး ပိုက်ဆံရှိမှာလဲ?”

တုရှီက မှုန်ကုပ်ကုပ်နဲ့ကြည့်ရင်း ဒေါသတွေအပြည့်လိုက် တက်လာတာ​ကြောင့် ရင်ဘတ်တွေ တင်းကြပ်လာသည်။သူမ ပန်းကန်ပြား၏အစွန်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားပြီး သူမ၏လက်ချောင်းများ ဖြူလာကာ ပန်းကန်ပြားကို မြေကြီးပေါ်ချပစ်ချင်သော်လည်း တောက်ပြောင်နေပြီးဆီအပြည့်​ဝေ့တက်​နေသော မြေပဲများကို လိုချင်မိ​သေးသည်။ဒီ ချင်မျန်က အလွယ်တကူ ချုပ်ကိုင်ဖို့ လွယ်တယ်လို့ သူ မထင်ခဲ့သလို သူနဲ့ ဆက်ဆံရလွယ်မယ်လို့လည်း ဘယ်တော့မှ မမျှော်လင့်ထားပါဘူး။ပိုက်ဆံပေးမယ်ဆိုတာတောင် မပြောဘဲ ပိုက်ဆံချေးချင်နေတာပဲ။မဖြစ်နိုင်ဘူး!

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now