[25]

5.3K 836 2
                                    

[Unicode]

025:ပထမ​ရွှေအိုး အစီအစဉ်-လက်လုပ်​ခေါက်ဆွဲညစ်စက်(3)

လဲ့ယ်ထျဲက သူ့ရည်ရွယ်ချက်တွေကိုဖြင့် ဂရုမစိုက်​နေ​တော့ပေ။ "ထင်းရှူးပင်။အတော်လေး ပျော့ပျောင်းပြီး ဖြောင့်တန်းတဲ့အကြောလိုင်းတွေရှိတဲ့ အပင်က ကိုင်တွယ်ရလွယ်ကူပြီး တိုက်စားခံရတာ​တွေကို ခံနိုင်ရည်ရှိတယ်"

ချင်မျန်က ခဏလောက် စဉ်းစားလိုက်သည်။ “နှစ်ခုလုပ်နော်။နမူနာအတွက်တစ်ခု..တခြားတစ်ခုက ကျွန်တော်တို့အတွက် အသုံးပြုရမယ်"

“အင်း..”

လဲ့ယ်ထျဲက ချင်မျန်ကို လှမ်းဆွဲလိုက်တော့ ချင်မျန်တစ်​ယောက် စကားစပြတ်လုနီးပါးဖြစ်သွားသည်။

"မင်းရဲ့ခြေလှမ်းတွေကို သတိထားလျှောက်"

သူ အောက်ကိုငုံ့ကြည့်လိုက်တော့ ဖြူကောင်လို အသီးအနှံတချို့က မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး အညိုရောင်အသီးများစွာကို ဆူးငယ်အခွံထဲမှာ ထုပ်ပိုးထားသည်ကို သူမြင်လိုက်ရသည်။သူ့မျက်လုံးများက တောက်ပလာ၏။

“ဒါက......”

လဲ့ယ်ထျဲက ရှင်းပြလိုက်သည်။ “ဆူးသီး။တောင်ပေါ်ကို တက်တဲ့အခါကျရင် ခေါင်းအ​ပေါ်ကို သတိထားပြီး ကြည့်​​လျှောက်"

ဆူးသီးလား?တကယ်ကြီး! ချင်မျန်သည် အလွန်စိတ်လှုပ်ရှားနေ၍ လွင့်ထွက်လုမတတ်ပင်။

"ဆူးသီးလို့ခေါ်တာလား?" ချင်မျန်က မရဲတရဲဖြင့် မေးလိုက်သည်။ “ဒီအသီး​တွေက စားလို့ရလား?”

လဲ့ယ်ထျဲက သူ့မျက်လုံးတွေကို ရှုပ်ထွေးစွာကြည့်နေမိသည်။တစ်ခဏမျှ တိတ်ဆိတ်ပြီးနောက် သူက ပြောလိုက်၏။ “စားလို့မရဘူး။ရှေ့မှာ ရောက်​တော့မယ်”

ချင်မျန်သည် လဲ့ယ်ထျဲမျက်လုံးထဲတွင် ကူကယ်ရာမဲ့အရိပ်အ​ယောင်များ ထင်ဟပ်သွားတာ​ကြောင့် သူ့ပါးစပ်မှာ ပွင့်သွားရသည်။လဲ့ယ်ထျဲက အစားအသောက်ကောင်းကို နှစ်သက်တယ်လို့ သူထင်ခဲ့တာ။အချိန်ယူပြီး ဂရုတစိုက်ကြည့်ရန်အတွက် အကိုင်းအခက်နှစ်ကိုင်းကို လှမ်းယူကာ ထိုင်ချလိုက်ပြီး အနှီ “ဆူးသီး” ကို ထိုးဆွကြည့်လိုက်ရာ ၎င်းသည် သစ်အယ်သီးဖြစ်ကြောင်း သေချာသွားခဲ့သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now