[2]

8.2K 850 24
                                    

[Unicode]

002-နံနက်စာ,စားချိန်၌ အငြင်းပွားမှုအနည်းငယ်

ဤသူသည် အသက်နှစ်ဆယ်ကျော်အရွယ်ခန့်ရှိပြီး အရပ်ရှည်ရှည်နှင့် ကြံ့ခိုင်တောင့်တင်းသည့် ကိုယ်​နေဟန်ထားရှိသည်။သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို မီးခိုးရောင် ရှေး​ခေတ်ဝတ်ရုံကို ၀တ်ဆင်ထားပြီး ခါးတွင် ရိုးရိုးခါးပတ်အနက်ရောင်ဖြင့် ချည်နှောင်ထားပြီး သူ့၏အောက်ပိုင်းကိုယ်ထည်တွင်မူ အရောင်တူဘောင်းဘီကို ကြွက်သားအနည်းငယ်ပေါ်သည်အထိ လိပ်တင်ထားကာ ကောက်ရိုးဖိနပ်ဟောင်းတစ်ရံကို စီးထားသည်။

ဒီလူက အတော်လေးချောတာပဲ။ခါးထိရှည်သော အနက်ရောင်ဆံပင်ကို အပြာရောင်အထည်စဖြင့် ချည်​နှောင်ကာ သစ်သားဆံထိုးဖြင့် ပိတ်စည်းထားသည်။တောက်ပပြီး စူးရှသည်မျက်လုံးများကို ထူထဲသည့်မျက်ခုံးမွှေးများက ခပ်​ခုံးခုံးဖြင့် တောက်​လျှောက် အနားကွပ်ထားသည်။နေပူထဲမှာ မကြာခဏအလုပ်,လုပ်ထားရတာကြောင့် သူ့အသားအရည်က ကြေးဝါရောင်အသားရည်မျိုးဖြစ်နေပြီး သူ့ကို ပိုကြည့်လို့ကောင်းသွားစေသည်။သို့သော် သူ့ရဲ့ဘယ်ဘက်ပါးပြင်ပေါ်တွင် အမာရွတ်တစ်ခုရှိနေပြီး ဘယ်ဘက်မျက်လုံးအတွင်းထောင့်က​နေ နားရွက်အောက်ခြေအထိ ရောက်​နေသည်။ဒဏ်ရာက ဟောင်းပေမယ့် အမာရွတ်က အရမ်းသိသာနေ၏။အတန်ငယ် ကြောက်စရာကောင်းပုံလည်းရ​နေသည်။

သူက ဒီယောက်ျားရဲ့ ဇနီးလား?ချင်မျန်သည် ချောင်းတဟွတ်ဟွတ်ဆိုးရင်း မတ်တပ်ထရပ်လိုက်သည်။သူ့ဒူးတွေက အနည်းငယ်အားနည်းနေတာကြောင့် နောက်ပြန်လဲကျလုမတတ်ဖြစ်သွားသည်။ထိုလူသည် စူးရှထက်မြက်သော မျက်လုံးများနှင့် သွက်လက်သောလက်များဖြင့် ချင်းမျန်၏လက်မောင်းကို လက်တစ်ဖက်တည်းဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။

ချင်မျန်သည် ကြက်လေးတစ်ကောင်ကို ကောက်ယူခံလိုက်ရသလို ခံစားလိုက်ရသည်။သူသည် ထိုလူကို လှမ်းကြည့်လိုက်သော်လည်း သူ မည်သည်ကိုမျှ မပြောလိုက်​ပေ။ထိုလူကား အရပ်ရှည်လွန်းပြီး သူ့လက်ရှိ သူ့ကိုယ်ထက် ဦးခေါင်းနှစ်လုံးစာနီးပါး မြင့်လွန်းသည်ဟု ဆိုလျက် စိတ်ထဲမှာသာ ညည်းညူနေလေတော့သည်။တစ်ချိန်တည်းမှာပင် သူပိုင်ဆိုင်ထားသော ဤခန္ဓာကိုယ်သည် ဖျားနာနေပြီး ဤကဲ့သို့သော ပျော့ညံ့မှုမျိုးမှာ လုံးဝပုံမှန်မဟုတ်ကြောင်း သူသေချာသိနေခဲ့ပြန်သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now