[17]

5.7K 853 7
                                    

[Unicode]

017:ဝယ်ယူမှု (၁)

ပထမဆုံးအကြိမ်အ​နေနဲ့ ချင်မျန်၏ခြေထောက်မှာ အလွန်နာကျင်စွာခံစားခဲ့ရသည့်အပြင် ခံစားရလည်းခက်လှသည်။မြို့ငယ်လေး၏ မီးခိုးရောင်တံတိုင်းမြို့ရိုးကို မြင်သည့်ထိတိုင်အောင် မြို့သို့သွားနေသော လှည်းတစ်စီးနှင့် ကြုံကြိုက်ရန် သူမျှော်လင့်ထားခဲ့သည်။သို့သော် သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။မြို့နဲ့နီးလာ​လေ​လေ ပို,ပိုပြီးအသက်ဝင်လာ​လေ​လေ။

လမ်းသွားလမ်းလာများ,များလာ၍ အချို့က ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ၊လက်မှုပစ္စည်း အစရှိသဖြင့် အ​ရောင်းပစ္စည်းများ ပါရှိသည့် ဝါးလုံးများ(သို့)ခြင်း​တောင်းများကို ကိုင်ဆွဲကာ လမ်းလျှောက်ရောင်းရင်း,အချို့မှာ ငွေပိုမိုရရန် မျှော်ကိုးကာ မြို့တွင်း၌ လာ​ရောက်ရောင်းချကြသည်။

လူအချို့သည်လည်း လှည်းများ၊နွားလှည်းများ၊မြည်းလှည်းများနှင့် မြင်းလှည်းများဖြင့် အဝင်အထွက်လုပ်​နေကြပြီး တစ်ခါတစ်ရံ လူပျိုရံများကလည်း ဒေါသသတကြီးဖြင့် အော်ဟစ်သံများလည်းရှိ​နေကြသည်။
မြို့ထဲမှာ သိုးသားနှင့် ဝက်သားရောင်းတဲ့ လူတွေလည်းရှိနေ၏။သိုးသည်နှင့် ဝက်သားသည်တို့၏ အော်ဟစ်သံတို့က ပြိုင်ဆိုင်မှုတစ်ခုလိုပင် ဖြစ်နေသည်။

ချင်မျန်က သူ့ဗိုက်ကို ပွတ်လိုက်၏။

လဲ့ယ်ထျဲက သူ့ရဲ့အရိပ်​ခြေအားလုံးကို နားလည်သည်မို့ ဘာမှ​မေးမ​နေ​တော့​ဘဲ ခေါက်ဆွဲဆိုင်ကို ဦး​ဆောင်ခေါ်ယူသွားခဲ့သည်။တကယ်တော့ ထမင်းဖြူကို ပိုစားချင်မိပေမယ့် ထမင်းဖြူက ပိုဈေးကြီးမှန်း သိတော့ မတတ်နိုင်တော့ကြောင့် နောက်မှစားဖို့သာ တွေးလိုက်​တော့သည်။
ထိုင်ရန် စားပွဲအလွတ်တစ်လုံးကို ရှာလိုက်ပြီး မှာလိုက်၏။ “ဆိုင်ရှင်..အရွက်ခေါက်ဆွဲ နှစ်ပန်းကန် ချ​ပေးပါ”

လဲ့ယ်ထျဲက ဆတ်ခနဲထပြောလိုက်သည်။ "အသားခေါက်ဆွဲ နှစ်ပန်းကန်ပဲ ပေးပါ"

“ကောင်းပါပြီ!” ဆိုင်ရှင်မျက်နှာပေါ်ရှိ အပြုံးက ပို၍ စိတ်အားထက်သန်သွား၏။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now