[26]

5.2K 818 3
                                    

[Unicode]

026: ပိုက်ဆံ ရှာမယ်!

သူ့ရဲ့စိတ်အ​ခြေအ​နေက ကောင်းနေတာကြောင့် ချင်မျန်သည် မြို့သို့သွားရာတစ်​လျှောက်တွင် အဝေးကြီးသွား​နေရတယ်လို့ မထင်ခဲ့ပေ။လမ်းခရီးတွင်လည်း သူတို့သည် မြို့သို့သွားနေသည့်မြည်းလှည်းတစ်စီးနှင့် ကြုံကြိုက်တွေ့ခဲ့သဖြင့် လမ်းကြုံတားကာ စီးလာခဲ့ကြသည်။

မြို့ထဲသို့ရောက်​တော့ ချင်မျန်က လဲ့ယ်ထျဲကို လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားကာ လက်ဖက်ရည်နှစ်ခွက်မှာလိုက်သည်။

လဲ့ယ်ထျဲကလည်း သူ့တွင် အစီအစဉ်ရှိပုံပေါက်နေသည်ကို သိမြင်လိုက်ရတာ​ကြောင့် ထုံးစံအတိုင်း နှုတ်ဆိတ်နေ၏။သူ့နောက်က​နေ လိုက်သွားရင်း သူ့ဇနီး​လေး ဘာလုပ်မည်ကို စဥ်းစားနေမိသည်။

“စားပွဲထိုး....ရှင်းမယ်" ချင်မျန်သည် တစ်ငုံမျှသာ သောက်လိုက်သည်။

စားပွဲထိုးက သူ့လက်တွေကို သုတ်လိုက်ပြီး အနားရောက်လာ၏။ "အားပေးမှုကို ကျေးဇူးတင်ပါတယ်ဗျာ။အားလုံးပေါင်း 2 ဝမ် ကျပါတယ်"

ချင်မျန်က လက်ဖက်ရည်အတွက် ပိုက်ဆံပေးချေလိုက်ပြီး နောက်ထပ် ဒင်္ဂါးသုံးပြားကို ပေးလိုက်သည်။ "စားပွဲထိုး...ကျွန်တော် တစ်ခုခုသိချင်လို့ပါ"

လဲ့ယ်ထျဲသည် သူ့ဇနီးလေးက ကိုယ်ပိုင်ရေယူလာပြီး လက်ဖက်ရည်ဆိုင်ကို သွားရတဲ့အ​ကြောင်းအရင်းကို နားလည်သွားပြီ။သူ့ရဲ့ နက်မှောင်နက်ရှိုင်းသည့်မျက်လုံးများက အနည်းငယ် ပြောင်းလဲသွားပြီးနောက် တစ်ဖန် ငြိမ်သက်သွားခဲ့သည်။

စားပွဲထိုးက ပိုက်ဆံယူလိုက်ပြီး ပျော်ရွှင်သွားကာ "လူကြီးမင်း မေးချင်တာသာ မေးပါ။ကျွန်တော် ကြွားလုံးထုတ်တာတော့မဟုတ်ဘူး၊ဒါပေမယ့် ဒီမြို့မှာ ကျွန်တော်မသိတဲ့ ကိစ္စတစ်ခုမှမရှိဘူး"

ချင်မျန်က ရယ်ရင်း "ငါတို့က ပရိဘောဂတချို့ကို စိတ်ကြိုက်အပ်ချင်လို့ပါ။ဒီမြို့မှာ အကောင်းဆုံး သစ်သားလက်ရာ ဘယ်ဆိုင်မှာရှိလဲ မင်းသိလား?"

“ဟေး...လူကြီးမင်းက လူမှန်ကို မေးလိုက်တာပဲ။ယောင်ရဲ့ ပရိ​ဘောဂဆိုင်က လက်သမားအတတ်မှာ အ​ကောင်းဆုံးပဲ။မြို့ထဲက ပိုက်ဆံရှိတဲ့ သူဌေးတွေတောင် သူတို့ဆိုင်မှာ ပရိဘောဂတွေလာအပ်ကြတယ်ဗျ”

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now