[68]

5.1K 674 21
                                    

[Unicode]

068: ပထမလထဲသို့...

ရေအပူရှိန်မှာ တဖြည်းဖြည်း လျော့ပါးလာသည်။
လဲ့ယ်ထျဲသည် အပြာရောင်ခြေသုတ်ပုဝါတစ်ထည်ကို ချင်မျန်အား ပေးခဲ့ပြီး သူ့ခြေထောက်ကို သုတ်ရန်အတွက် မီးခိုးရောင်ခြေသုတ်ပုဝါကိုယူလိုက်သည်။

ချင်မျန် အ​​ပေါ့အပါးသွားပြီးနောက် လက်ကိုဆေးကာ အိပ်ခန်းထဲသို့ပြန်ဝင်လာခဲ့သည်။ပထမလ ပထမနေ့အတွင်း တားမြစ်ချက်အမျိုးမျိုးအကြောင်း အစ်မကျန်းကို ကြိုတင်မေးမြန်းထားခဲ့ပြီးပြီ ဖြစ်သည်။စည်းစိမ်ဥစ္စာနှင့် ကံကြမ္မာတွေ ဖယ်ခွာသွားခြင်းမှ ကင်း​ဝေး​စေရန် ပထမလ ပထမ​နေ့တွင် အံဆွဲများနှင့် ဗီရိုများဖွင့်ခြင်းကို ရှောင်ကြဉ်သင့်၏။ထို့​ကြောင့် သူ ဗီရိုကိုကြိုဖွင့်ပြီး နောက်နေ့အတွက် သူနဲ့လဲ့ယ်ထျဲဝတ်မယ့် အဝတ်အစားတွေ၊ ဖိနပ်နဲ့ ခြေအိတ်အသစ်တွေကို ရွေးထုတ်ထားလိုက်သည်။
လဲယ်ထျဲက​တော့ အထဲဝင်မလာမီ တံခါးနှင့် ပြတင်းပေါက်တွေကို သေချာသော့ခတ်လိုက်သည်။

“လာ...စစ်တုရင်ကစားကြမယ်” ချင်မျန် လက်ခုပ်တီးလိုက်၏။နှစ်သစ်ကူးညမှာ နောက်ကျသွားတဲ့အထိ ထိုင်ပဲမထိုင်နေနိုင်ပေ။သူတို့ အချိန်ကုန်ရန် တစ်စုံတစ်ရာကို ရှာရပေတော့မည်။

လဲ့ယ်ထျဲက စစ်တုရင်ခုံကို ထုတ်ပြီး ခင်းလိုက်၏။

"ခင်ဗျား ကျွန်​တော်ကို နယ်ရုပ်တွေ အရင်ထားခွင့်ပေးရမယ်" ချင်မျန်၏စစ်တုရင်ကစားခြင်းအဆင့်သည် ပျမ်းမျှသာ။ထို့​ကြောင့် သူ တဲ့တိုးဆန်ဆန်သာ ပြောလိုက်သည်။သို့​​သော်ငြား လဲ့ယ်ထျဲက သ​ဘောတူခေါင်းညိတ်လိုက်ပါ၏။

အစပိုင်းတွင် ချင်မျန်သည် အလွန်အဆင်ပြေချောမွေ့စွာ ကစားနိုင်သေးသည်။အကွက်တိုင်းတွင် နယ်ရုပ်များဖြင့် ပြည့်လာပြီးနောက်မှာ​တော့ သူ အချိန်ပိုယူ၍ တွေးတောနေခဲ့ရသည်။

သူ့ရဲ့ထိုင်ပုံထိုင်နည်းမှာလည်း တင်ပျဉ်ခွေထိုင်​နေရာမှ ဘယ်ဘက်လက်ကို စားပွဲပေါ်​ထောက်ထားရင်း ခပ်စောင်းစောင်းအ​နေအထားသို့ ပြောင်းသွားသည်။သူ့ ခြေထောက်နှစ်ချောင်းလုံးကို ဆန့်ထုတ်လိုက်ပြီး ခြေဖဝါးနှစ်ဖက်ကို ထပ်လျက်သားဖြင့် လှုပ်ယမ်းနေသည်။ခေါင်းငုံ့ကာ တွေးနေရင်း မျက်မှောင်ကြုတ်နေတဲ့ သူ့ပုံစံလေးက အရမ်းကိုချစ်စရာကောင်းနေ၏။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now