[18]

5.4K 805 19
                                    

[Unicode]

018:ဝယ်ယူမှု (၂)

"ဒါပါပဲ။ကုန်ကျ​ငွေကို တွက်​ပေးပါ"

ဆိုင်ရှင်က ပေသီးကိုယူပြီး ကုန်ကျ​ငွေကို တွက်ပေးလိုက်သည်။ “စုစုပေါင်း ၂၇၂ ဝမ် ကျပါတယ်။ဒီလူငယ်လေးက ကျုပ်တို့ဆိုင်မှာ အများကြီး အား​ပေးသွားတော့ ကျန် ၂ ဝမ်ကို လျှော့​ပေးလိုက်ပါ့မယ်။စုစုပေါင်း ၂၇၀ ဝမ်ပဲ ပေးပါ"

ချင်မျန်က ပြုံးရွှင်စွာ ပြောလိုက်သည်။ “ဆိုင်ရှင်ပြောသလိုပဲ ကျွန်တော်တို့က ဒီဆိုင်မှာ အများကြီးအား​ပေးသွားတာပဲ။တစ်ခါတည်းနဲ့ အများကြီးဝယ်ယူသွားတာကိုလည်း ဦး​လေး မြင်တာပဲကို။အဲဒါ​ကြောင့် ၂၅၀ ဝမ်ပဲယူတာက ပို​ကောင်းတာ​ပေါ့။ဆီ၊ဆားနဲ့ ဂျုံမှုန့်တွေ ကုန်သွားရင်လည်း ကျွန်တော်တို့ ထပ်ပြီးလာအားပေးမှာ သေချာတယ်။ဟုတ်တယ်မလား?"

လဲ့ယ်ထျဲရဲ့မျက်လုံးတွေက ချင်မျန်ကို စိုက်ကြည့်ရင်း ဒီဆယ်ကျော်သက်လေးက သူ့ကို ပို၍ပို၍ အံ့အားသင့်စေခဲ့သည်။

ဆိုင်ရှင်သည် အံ့အားသင့်သွားပြီး ကူကယ်ရာမဲ့ဖြစ်စွာ ပြုံးနေလေတော့သည်။ “လူငယ်လေးက အ​ပြော​ကောင်းတာပဲ။ဒါ​ပေမယ့် ကျုပ်လုပ်ငန်းလေးက အ​သေးစားစီးပွား​ရေး​လုပ်ငန်းလေးပါပဲ။ဒီ​လောက်ကြီး စျေး​လျှော့လိုက်တာက ရက်စက်လွန်းပါတယ်ဗျာ။ကျုပ် နောက်ထပ် ငါးဝမ်ထပ်​လျှော့​ပေးမယ် အဲလို့မှ မရရင် ကျွန်တော်တို့ဆိုင် အရင်းပြုတ်သွားလိမ့်မယ်"

"ဘယ်လိုကြောင့်မို့လို့လဲ?" ချင်မျန်က ညင်သာစွာ ပြောလိုက်သည်။ “ဒီမှာ ကုန်ပစ္စည်းတွေ အရမ်းပြည့်စုံနေတာကို ကျွန်တော် မြင်ပါတယ်၊သိတဲ့သူတိုင်းက ဒီဆိုင်မှာ လာဝယ်ကြလိမ့်မယ်။အဲ့ခါကျ လုပ်ငန်းက ဘယ်လောက် ကြီးပွားလာမယ်ဆိုတာ တွေးကြည့်လို့ရပြီ။ရွာကို ပြန်ရောက်ပြီးရင်လည်း ပိုက်ဆံပိုရဖို့အတွက် ကျွန်တော် လူသိရှင်ကြားနှိုး​ဆော်​ပေးပါ့မယ်။ပေးရတဲ့အခကြေးငွေ လျော့နည်းရင် ထပ်ခါတလဲလဲ ဝယ်ယူသူ ပိုများလာမှာပဲလေ။ဒါက ကောင်းမွန်တဲ့သဘောတူညီချက်တစ်ခုလိုပဲပေါ့!”

ဆိုင်ရှင်သည် မရယ်နိုင်သော်လည်း သူ့မျက်လုံးများတွင် ကူကယ်ရာမဲ့ အကြည့်တစ်ခု ရှိနေသည်။ "ကောင်းပြီ..ကောင်းပြီ ၂၅၀ ဝမ်ပဲ ပေးပါ​တော့"

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Donde viven las historias. Descúbrelo ahora