[9]

5.3K 766 5
                                    

[Unicode]

009:မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ခွဲခြမ်းပြီး အိမ်ခွဲနေခြင်း (2)

ချင်မျန် နောက်ပြန်လှည့်ကြည့်လိုက်တော့ လဲ့ယ်ထျဲက သူ့ကို အမူအယာမဲ့​နေ​​သော မျက်လုံးအစုံဖြင့် စူးစူးစိုက်စိုက်ကြည့်နေတာကို တွေ့လိုက်ရပြီး သူ့ညာဘက်လက်မှာ ပန်းကန်လုံးတစ်လုံးကိုင်ထားလျက်သားနှင့်။တစ်ပန်းကန်လုံးမှာ ကန်စွန်းပြောင်းဆန်နဲ့ ပြည့်နေပြီး တူတစ်ချောင်းလည်းပါရှိသည်။ကန်စွန်းပြောင်းဆန်လို့ခေါ်ရတာက​တော့ ထမင်းထဲမှာ ကန်စွန်းဥနဲ့ပြောင်းဆန် ရောထားလို့ပါပဲ။သူတို့ရဲ့ လတ်တလော စား​နေတဲ့ အဓိကအစားအစာ အများစုမှာ ကန်စွန်းဥ၊ပြောင်းဆန်၊ထမင်းနှင့် ပေါက်စီတို့သာ။ထမင်းအပေါ်တွင် အသီးအရွက်ကြော်တစ်ပုံတစ်ပင်ပါရှိပြီး အံ့အားသင့်စရာမှာ ကြက်ဥကြော်တစ်ခုပင် ရှိသေးသည်။

တုရှီက သူ့ကို ကြင်နာစွာနဲ့ ကြက်ဥစားဖို့ ပေးတာ​တော့မဖြစ်နိုင်ဘူး။ဖြစ်နိုင်တာက​တော့ လဲ့ယ်ထျဲ၏​ဝေစုသာ ဖြစ်လိမ့်မည်။ချင်မျန်က အနှီယူဆချက်ကို ပြောင်းပြန်ဖြစ်စေချင်မိသည်။

သူက ရှင်းပြရင်း လက်​ကောက်ဝတ်ကို ရုန်းထွက်လိုက်သည်– “လက်ဗလာအပြင် ဗိုက်ကလည်းဆာနေတာကို ဘယ်ကိုထွက်သွားလို့ရမှာလဲ?ဒီအတိုင်း ပြေးရင်း လေ့ကျင့်ခန်းလုပ်​နေတာပါ"

နှစ်ဦးသ​ဘောတူ ကွာရှင်းရန် ငြင်းဆိုနေသည်က လွဲ၍ လဲ့ယ်ထျဲက သူ့အ​ပေါ်ကို ကောင်းမွန်စွာ ဆက်ဆံတာကြောင့် သူ့(ချင်မျန်)လေသံက အလွန်ပြေပြစ်၏။

လဲယ်ထျဲက သူ့လက်ကို လွှတ်ပေးလိုက်ပြီး ထမင်းခွက်​လေးကို ကမ်းပေးကာ လမ်းဘေးက အို​ဟောင်း​နေသည့်ကျိုင်းပင်နားသို့ လိုက်ပို့ပေးလိုက်သည်။သစ်ပင်အောက်မှာ ကျောက်ပြားတစ်ချပ်ရှိနေ၏။ရွာသူရွာသားများက အားလပ်ချိန်များတွင် စကားစမြည်ပြောလေ့ရှိကြသည်မို့ပင်။

ချင်မျန်သည် ကျောက်ပြားပေါ်တွင်ထိုင်ကာ ကြက်ဥတစ်လုံးသာ စားပြီး ကျန်တာ သူ ဆက်မစားနိုင်တော့ပေ။ကန်စွန်းဥနဲ့ပြောင်းဆန်ပင် မ​ပြောနဲ့ လူတိုင်းက ကြက်သား၊ဘဲသား၊ငါးနဲ့ တခြားအသားတွေကိုတောင် ဆယ်ရက်ကနေ တစ်လခွဲလောက်အထိ ဆက်တိုက် မစားနိုင်ကြပါဘူး။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now