[43]

5.5K 800 16
                                    

[Unicode]

043: ချင်းဇီ.....ကိုယ် မင်းကို ပြုစုပျိုးထောင်နိုင်တယ်။

ဆိုင်ဖွင့်တာက ရိုးရှင်းတဲ့ကိစ္စတော့ မဟုတ်ပေ။မဖွင့်ခင်မှာ ဆိုင်မျက်နှာစာ အလှဆင်ဖို့၊ မီးဖိုချောင်မှာ ပစ္စည်းတွေ အစုံထည့်ဖို့၊ ပစ္စည်းတွေဝယ်ထည့်ဖို့၊ ဝန်ထမ်းတွေကို ငှားပြီး ကြော်ငြာဖို့ လိုအပ်သေးသည်။
အစားအသောက်လုပ်ငန်းဆိုတာက သန့်ရှင်းသပ်ရပ်မှုကို အဓိကထားလုပ်ဆောင်ရမည်။ထို့ကြောင့် ချင်မျန်သည် ဆိုင်အလှဆင်ရာတွင် အချိန်များစွာမဖြုန်းနေ​တော့ဘဲ လူတွေကို အိမ်ခေါင်မိုး၊ နံရံများနှင့် ကြမ်းပြင်တွေကိုသာ သန့်ရှင်းရေးလုပ်ခိုင်းလိုက်သည်။ နံရံတွင် မမြင်နိုင်သည့်အပေါက်အချို့ရှိသောကြောင့် လဲ့ယ်ထျဲအား အရွယ်အစားအမျိုးမျိုးရှိသည့် ဝါးအပိုင်းအစများနှင့် သစ်သားပြားများပြုလုပ်ပြီး နံရံပေါ်တွင် အနုပညာဆန်ဆန် စတိုင်ကျသော ပုံစံများဖြစ်အောင် စီစဉ်ခိုင်းလိုက်သည်။စားပွဲများနှင့် ကုလားထိုင်များက အသစ်ဖြစ်သောကြောင့် စားသုံးသူများ စားသောက်သည့်အခါ သက်တောင့်သက်သာဖြစ်စေရန် ရည်ရွယ်ထား၏။

ထို့အပြင် ချင်မျန် ခေါက်ဆွဲလုပ်သည့်အကြီးစားစက်ကိရိယာတစ်ခုကို ဝယ်ယူခဲ့သည်။ချမ်းသာမြင့်မြတ် ပရိ​​​ဘောဂဆိုင်၏ခေါက်ဆွဲစက်မှာ ချင်မျန်၏ဒီဇိုင်းကိုမှ ၎င်းဆိုင်၏ကိုယ်ပိုင်ဟန်ပန်များလည်း ပါရှိသည်။၎င်း၏ပုံပန်းသဏ္ဌာန်ကို ပြည်စုံစွာမွမ်းမံထားပြီး ပုံစံများဖြင့် ထွင်းထုထားသောကြောင့် ရောင်းအားကောင်းခဲ့သည်။အစတွင် မြို့တွင်းရှိ အခြားပရိ​ဘောဂဆိုင်များသည် ယင်းစက်ကိရိယာကို ဤနေရာမှ လာရောက်ဝယ်ယူရသည်။

မှောင်လာပြီးနောက် ချင်မျန်နှင့် လဲ့ယ်ထျဲတို့ ချက်ချင်းမအိပ်ကြ​သေးဘဲ ဆီမီးထွန်းထားပြီး အပူခံအုတ်ကုတင်ပေါ်တွင် အကြောင်းအရာများကို ဆွေးနွေးနေကြသည်။

“ဘာရောင်းမယ်ဆိုတာ မင်း အခုထိ မ​ပြောရ​သေးဘူးမလား?” လဲ့ယ်ထျဲ နောက်ကျောမှီကာ စောင်တစ်ထည်ကိုလည်း ကိုယ်ပေါ်တွင် လွှားထားသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now