[84]

4.1K 617 25
                                    

[Unicode]

084:ဝင်ခွင့်အဆင့် စစ်ဆေးမှု

မြင်းလှည်း​မောင်းသမားနှစ်ဦးနှင့် အစောင့်လေးဦးတို့မှာ ဝမ်းသာသွားကြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောဖြစ်ခဲ့ကြသည်။ဟင်းအနှစ်အနည်းငယ်မှာ ပမာဏအားဖြင့် သေးနုတ်လှသော်လည်း ရှားပါးလွန်းစွာ တစ်စုံတစ်ယောက်မှ သူ့တို့အား ပါဝင်​တွေး​တောပေးခြင်းဖြစ်၏။

ထို့နောက် လဲ့ယ့်ရှန်းကျစ်သည် နောက်ဆုံးမှာ​တော့ သူ့အဖို့ ဇွန်းတစ်ချောင်းကို လှမ်းယူလိုက်သည်။ထို့ကြောင့် အမဲသားဟင်းအနှစ်၏ရနံ့မှာ နေရာအနှံ့ ပျံ့လွင့်သွားလေသည်။
ပုချင်းယွမ်မှာ သူ့​ပေါင်မုန့်သားထဲတွင် အမဲသားဟင်းအနှစ်ကို ဆမ်းထည့်ထားပြီး အရသာမြည်းစမ်းရန်အတွက် ပါးစပ်ကိုဖွင့်ကာ ကိုက်ချလိုက်​လေသည်။

မြည်းစမ်းကြည့်ပြီး​နောက် သူ ချီးကျူးရ​တော့၏။ "အရသာရှိလိုက်တာ!အထဲမှာလည်း အသားတွေအများကြီးပါတယ်။သေ​သေသပ်သပ်လှီးဖြတ်ထားတဲ့အပြင် မွှေးကြိုင်ပြီး နူးညံ့လွန်းတယ်။"

တစ်ဖက်တွင်လည်း အစာစားချင်စိတ် ပြင်းပြနေသော လင်းချီယွမ်သည် အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်ရင်း.....
"နောင်​တော်လဲ့ယ် နောက်ထပ်တစ်ဇွန်း ထပ်ပေးပါဦး"

ချူကျုံးဝမ်သည် ပြုံးပန်း​ဝေ​နေ​သောအပြုံးလေးဖြင့် လဲ့ယ်ရှန်းကျစ်ထံ ထပ်မံအကြည့်ပို့လိုက်သည်။သူ့လက်ထဲတွင်လည်း အကိုက်ခံထားရသည့် အ​ခြေအ​နေမျိုး သဲလွန်စ တစိုးတစမှပင် မရှိသည့် ပန်ကိတ်ဝိုင်းဝိုင်းလေး တစ်ချပ်ရှိနေ၏။ဒါ သူ့ရဲ့ ဒုတိယမြောက် ပန်ကိတ်ဖြစ်မှန်း သိသာပါ၏။

လဲ့ယ်ရှန်းကျစ် သူ့လက်ကို ဝှေ့ယမ်းပြလိုက်ပြီး "ဒီမှာလည်း အိုးသေးသေးလေးပဲ ရှိတာ။နောက်နေ့စားဖို့ မချန်ထားချင်တော့ဘူးလား?"
ချူကျုံးဝမ်သည် စိတ်မကောင်းစွာဖြင့် သူ့နှုတ်ခမ်းတွေကို သပ်တင်လိုက်ပြီး မရီးလဲ့ယ့်ထံမှ နောက်ထပ်တစ်အိုး ထပ်တောင်းရင်​ကောင်းမလားဟု တွေးနေမိသည်။သို့သော် အစ်ကိုကြီးလဲ့ယ့်ဆိုသူ၏မျက်နှာကို တွေးမိကာ တုန်လှုပ်သွားပြီး အနှီမဖြစ်နိုင်လောက်သော အကြံအစည်ကို စွန့်လွှတ်လိုက်လေသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now