[39]

5K 766 4
                                    

[Unicode]

039: အိမ်သစ်တွင်နေထိုင်ခြင်း (1)

နောက်ပိုင်းတွင် ချင်မျန် တုရှီနှင့် သူ့အ​ပေါင်းအပါတစ်သိုက် နေ့လည်စာစားရန် လာခဲ့တာတို့ ဒါမှမဟုတ် စားပွဲဝိုင်းမှာ လဲ့ယ်တာချန်ကို တွေ့ရတာတို့ ဒါ​တွေကို သူမြင်ရတာ အနည်းငယ်မျှ မအံ့သြမိပေ။အ​ရေပါးလွန်းပြီး လာချင်စိတ်မရှိတဲ့ လဲ့ယ်ချွင်း​ထောင်တစ်​ယောက်သာရှိ၏။သို့ပေမယ့်လည်း ချင်မျန်က သူမအတွက်အစားအစာတွေကို နေ့တိုင်းပြင်ဆင်ပေးပြီး တုရှီအိမ်ပြန်ရင် ယူသွားခိုင်းလေ့ရှိသည်။

လဝက်နီးပါးကြာပြီးနောက် နောက်ဆုံးမှာ​တော့ စိမ်းညိုရောင်အုတ်နှင့် အနက်ရောင်အုတ်ကြွပ်များဖြင့် ခန့်ထည်စွာ တည်ရှိ​နေတဲ့ အိမ်အသစ်လေးက နောက်ဆုံးမှာ​တော့ ပြီးစီးသွားခဲ့သည်။ချင်မျန် မကြာခဏဆိုသလို သွား“ကြီးကြပ်” လေ့ရှိပြီး အလုပ်သမားတွေကို နွေးထွေးစွာနဲ့ လေးလေးနက်နက် ဆက်ဆံတာကြောင့် ရလဒ်အ​နေနဲ့ အလုပ်သမားတွေက အရမ်းဂရုတစိုက်နဲ့ လုပ်ဆောင်ပေးခဲ့သည်။အုတ်နှင့်အုတ်ကြွပ်တိုင်းကို အလွန်သေသပ်စွာစီထားခဲ့ပြီး အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ကြောင်း တစ်ချက်ကြည့်ရုံဖြင့်သိနိုင်မည်။

အိမ်ဆောက်ပြီးတဲ့နေ့မှာပဲ ချင်မျန် နေ့လည်စာ​ကနေ ညနေစာအဖြစ် ပြောင်းလဲလိုက်ပြီး ဝိုင်ကောင်းကောင်းတွေလည်း ပြင်ဆင်ထားလိုက်၏။အိမ်ကိုပြန်ဖို့ ခေါ်နေတဲ့ ဇနီးသည်တွေရဲ့ ဆူပူကြိမ်းမောင်းတဲ့အချိန်မှာတောင် အလုပ်သမားတွေက ကျေနပ်စွာ စားသောက်​နေကြ​တော့သည်။

ဒီအဖြစ်အပျက်တွေပြီးတော့ သူတို့သည် ချင်မျန်နှင့် လဲ့ယ်ထျဲတို့အကြောင်းကို အနည်းငယ် ပိုနားလည်လာကာ နောက်ပိုင်းတွင် သူတို့နှစ်ဦးကို ပို၍ကြင်နာစွာ ဆက်ဆံလာခဲ့ကြသည်။အတိုင်းအတာတစ်ခုအထိတော့ ဒီသဘောထားက တခြားရွာသားတွေအ​ပေါ်မှာလည်း သက်​ရောက်မှုရှိခဲ့သည်။ရွာသားများနှင့် လဲ့ယ်ထျဲတို့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံ​ရေးရှိလာ၏။အထူးသဖြင့် ချင်မျန်နှင့်ပင်။
ဤသည်မှာ လောလောဆယ်တွင် မပြောလိုသော ဇာတ်လမ်း၏အစိတ်အပိုင်းတစ်ခုဖြစ်၏။ချင်မျန် အခွင့်​ကောင်းရရန် အ​ခြေအ​နေကောင်းကို စောင့်ဆိုင်း​နေခြင်းသာ။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now