[36]

5.5K 759 4
                                    

[Unicode]

036: အိမ်အသစ်ဆောက်လုပ်ကြခြင်း

လမ်းပေါ်တွင် လူများစွာရှိနေ​တော့ ချင်မျန်သည် လဲ့ယ်တာချန်၊ လဲ့ယ်ရှန်းရန်၊ လဲ့ယ်ရှန်းရီ နှင့် လဲ့ယ်ရှန်းလီတို့ကိုပါ ဖိတ်ကြားရန် လဲ့ယ်ထျဲအား တောင်းဆိုခဲ့သည်။ဖိတ်ခေါ်ခြင်းသက်သက်သာဖြစ်ပေလင့်ကစား မဟုတ်ရင် 'သားသမီးဝတ္တရားမ​ကျေပွန်' ဟု ခေါင်းစဉ်တပ်ခံရမည် ဖြစ်ပြီး သူနှင့်လဲ့ယ်ထျဲ ရွာမှာ နာမည်ဆိုးရလိမ့်မည်။လဲ့ယ်တာချန်တို့အုပ်စု လာချင်သည်ဖြစ်စေ မလာချင်သည်ဖြစ်စေ ဒါ သူတို့ရဲ့ ပြဿနာပဲလေ။ယခုဆိုလျှင် သူတို့မိသားစုနှစ်စုရဲ့ ဆက်ဆံရေးတွေကို အများ​ရှေ့တွင် ထိန်းသိမ်းထားရုံတင် လုံလောက်ပြီဖြစ်သည်။

ထိုနေ့မရောက်မီတွင် လဲ့ယ်ထျဲ လေးနှင့် ခြင်းတောင်းကို ကျောပေါ်တင်ကာ တောင်ပေါ်သို့ တက်ခဲ့သည်။သားကောင်အချို့ကို လိုက်ဖမ်းနိုင်လျှင် အသားအတွက် ငွေထပ်ကုန်ရန် မလိုတော့ပေ။

လဲ့ယ်ထျဲ မြက်ပင်ကိုရိုက်ပြီး မြွေကိုခြောက်လှန့်ရန် သူ့ရှေ့မှ တုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်သည်။သူ့ခြင်းတောင်းထဲတွင် သစ်လွင်ပြီးအနည်းငယ်သေးငယ်သော တောင်းတစ်ခုထပ်ရှိနေ၏။

ချင်မျန်က​တော့ လက်ဗလာဖြင့် နောက်မှ လိုက်လာခဲ့သည်။လဲ့ယ်ထျဲက ကွန်ဖူးပညာရှင်တစ်ဦးဖြစ်သောကြောင့် တောင်ပေါ်၌ မည်သည့်အန္တရာယ်မှ မဖြစ်လာနိုင်။ထို့​ကြောင့် သူ တောင်ပေါ်သို့ အလည်အပတ်သ​ဘောဖြင့် လိုက်တက်ရန် စိတ်ကူးရခဲ့သည်။လွန်ခဲ့သည့်နှစ်ရက်က ဆောင်းဦးတွင် မိုးရွာခဲ့၏။စိုစွတ်နေသော မြေကြီးထက်တွင် ထီးငယ်လေးများကဲ့သို့ မှိုအကွက်များ စုပုံပေါက်​ရောက်နေသည်။ယင်းတို့က မြေစုအတွင်း၌ သက်ရှိထင်ရှားရှိနေကြပြီး လုံး၀ကိုပင် ထိုးထိုး​ထောင်ထောင်ရပ်နေလျက် မြင်သူတိုင်း ပျော်ရွှင်စေသည်။

မှိုလေးများသည် လတ်ဆတ်လှပလျက်ရှိ​နေ၏။ချင်မျန် တူးဖို့အတွက် တောင်းထဲရှိပေါက်တူးကို ထုတ်လိုက်သည်။လဲ့ယ်ထျဲနှင့် ဆက်သွယ်ပြောဆိုလိုက်ခြင်းမရှိသော်လည်း အကြိမ်များစွာ တောင်ပေါ်တက်လေ့ရှိတာ​ကြောင့် နှစ်​ယောက်သာယ တိတ်တဆိတ် နားလည်မှုတွေရှိကြသည်။လဲ့ယ်ထျဲ လေးကိုဆွဲကိုင်လိုက်ပြီး သားကောင်ဘက်ဆီသို့ ချိန်လိုက်သည်။အချိန်တိုအတွင်း သူ 3 ကျင်းထက် အလေးချိန်ရှိသော ယုန်တစ်ကောင်ကို ဖမ်းမိလေသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now