[40]

5.2K 793 7
                                    

[Unicode]

040: အိမ်သစ်တွင်နေထိုင်ခြင်း (2)

"ဘယ်လိုလုပ်လိုက်တာလဲ,ကုန်းဇီလေး?စားသောက်ဆိုင်ကြီးက ကျွမ်းကျင်ရှင်​တွေထက်တောင် ပါးပါး​လေးဖြစ်​အောင်အပြင် မြန်မြန်လည်း လှီးဖြတ်နိုင်တယ်။”

လက်ထောက်လေးသည် နားမလည်နိုင်သောအကြည့်ဖြင့် ကြည့်ကာ ခဏအကြာတွင် ခေါင်းကုတ်လိုက်ပြီး “ဒါပေမယ့် မင်း စဉ်းတီတုံးကို သုံးထားတာ မတွေ့လိုက်ဘူးသလားလို့?”

သူ့နောက်က ပစ္စည်းကို ရှေ့ယူလိုက်ပြီး လျှို့ဝှက်ဆန်းကြယ်စွာပြောလိုက်သည်။ "ဒီအာလူးကို အခွံနွှာပြီး မြန်မြန်လှီးရုံတင်မကဘူး၊အပိုင်းပိုင်းတွေဖြစ်​အောင်လည်း မြန်မြန်လှီးဖြတ်နိုင်တယ်။ မန်နေဂျာလျောင်...ခင်ဗျားဘယ်လိုထင်လဲ?"

လျောင်ကျစ်ဖူက ချက်ချင်းပင် တန်း​ပြောလိုက်သည်။ "ငွေတုံး ၅၀!"

ချင်မျန် အရမ်းကျေနပ်သွား၏။သူ လျောင်ကျစ်ဖူကို သူ့လက်ထဲရှိ ကိရိယာသေးသေးလေးကို ပေးလိုက်ပြီး ပိုကောင်းတဲ့ စကားလုံးတွေ ပြောခဲ့လိုက်သေး၏။ "ကြားထားတဲ့အတိုင်း မန်နေဂျာလျောင်က ပြတ်သားတဲ့ လူတစ်ယောက်ပဲ။မဟုတ်ရင် ကျွန်တော်တို့ ခင်ဗျားဆီ တည့်တည့်လာခဲ့မှာ မဟုတ်ဘူး။"

ကိရိယာသေးသေးလေးက ဘယ်လိုဖွဲ့စည်းထားလဲဆိုတာကို ကြည့်လိုက်ရာ သူနောက်ဆုံးဝယ်ခဲ့တဲ့ လက်လုပ်​ခေါက်ဆွဲညစ်စက်လိုပင်။​လျောင်ကျစ်ဖူရဲ့မျက်နှာမှာ ကျေနပ်အားရမှုရော စိတ်ဓာတ်ကျနေတဲ့ ထူးဆန်းတဲ့အမူအရာတစ်ခုကိုပါ ထပ်မံပြသလိုက်ပြန်သည်။

ချင်မျန် ပြုံးပြီး လက်ဖက်ရည်ကို လှမ်းယူလိုက်၏။ “မန်နေဂျာလျောင်..ကျွန်တော်သာ အဲဒီနေ့က လက်တွေ သွေးထွက်တဲ့အထိ အာလူးကို မခွာဖြစ်ခဲ့ရင် ဒီလောက် အဆင်ပြေတဲ့ ကိရိယာကို တွေးခဲ့မိမှာမဟုတ်ဘူး။ဒါက ကျွန်တော့်သွေးနဲ့ ရင်းပြီးရခဲ့တာဆိုတော့ ခင်ဗျားသုံးခဲ့တဲ့ ငွေတုံး ၅၀ က အရှုံးမရှိပါဘူးဗျာ”

ဒါကြီးက သောက်ကျိုးနည်း မိုက်မဲမှုပေါ့!

လျောင်ကျစ်ဖူ ငိုရမလား ရယ်ရမလား မသိ။ချင်မျန် သူ့လက်ကျန်ပုံတွေကိုပါ ပေးသွားခဲ့သည်။ဤပုံများကား အထူးအဆန်းမဟုတ်ပေ။ဆိုင်တွင် ပြုလုပ်ထားခဲ့ဖူးသော ပစ္စည်းများ၏ပိုမိုခေတ်မီသည့်လက်ရာများသာ။
ဆယ်ရက်အတွင်း ကုန်ပစ္စည်းများပို့ဆောင်ရန် ချိန်းဆိုပြီးနောက် လျောင်ကျစ်ဖူသည် သူတို့အား ယဉ်ကျေးစွာ ပြန်လွှတ်ခဲ့သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now