[Unicode]
[စာမစစ်ရသေး]
059: အတူတူ အမဲလိုက်သွားကြခြင်း။
ပြတင်းပေါက် အပြင်ဘက်တွင် လေပြင်းများတိုက်ခတ်နေပြီး ပြတင်းပေါက်မှာ အနည်းငယ် မြည်လာသည်အထိ လေပြင်းနေခဲ့သည်။ချင်မျန်ကတော့ စောစောစီးစီးပင် နိုးလာခဲ့၏။သူ စောင်ထဲတွင် ကွေးနေပြီး လက်တစ်ချောင်းမျှပင် မလှုပ်ချင်ပေ။မလှုပ်မယှက်ဖြင့် လဲ့ယ်ထျဲတစ်ယောက် အချိန်မှန်မှန်ထ၍ အုတ်ကုတင်စွန်းတွင် ထိုင်လျက် အတွင်းအဝတ်အစားတွေကိုဝတ်ကာ ချည်ကြိုးမပါသော အပေါ်အင်္ကျီထပ်ဝတ်ပြီး ခြေအိတ်အရင်မဝတ်ခင်ဘောင်းဘီဝတ်နေသည်ကို ကြည့်နေခဲ့သည်။
"ပြေးဖို့ထတော့။" လဲယ်ထျဲက လှည့်ကြည့်လိုက်သည်။
“မလုပ်ချင်ဘူး။ဒီနေ့ ဘာလို့ မနက်စာအရင်မပြင်ရမှာလဲ?" ချင်မျန်က အကြံပြုသည်။လဲ့ယ်ထျဲသည် ထိုလူကို ကောက်ထူလိုက်ပြီး စောင်အတွင်းထဲမှ အတော်လေးနွေးထွေးနေသည့် အဝတ်များကိုယူကာ ချင်မျန်ပေါ် ပစ်တင်လိုက်သည်။
ချင်မျန်တစ်ယောက် သူ့အဝတ်အစားတွေကို စိတ်ပျက်လက်ပျက် ဝတ်နေရင်း အေးစက်စက်နဲ့ပြောလိုက်၏။ "ခင်ဗျား ကျွန်တော် အအေးမိမှာကို မစိုးရိမ်ဘူးလား!"
လဲ့ယ်ထျဲက မထုံတတ်ထေးဖြင့်။ “အအေးမိလွယ်တာမျိုးတွေ မဖြစ်စေချင်ရင် လေ့ကျင့်မှုမှာ ပိုအားစိုက်ပေးရမယ်။"
ချင်မျန်သည် လျင်မြန်စွာ ၀တ်ဆင်ပြီး ဆံပင်ကို ဖြီးပြီးနောက် မြှားကဲ့သို့ ပြေးထွက်သွားလေသည်။
ခင်ဗျားက ကျွန်တော်မပြေးနိုင်ဘူးလို့ ထင်နေတာလား?ခင်ဗျားကို ကျွန်တော်ပြေးနိုင်ကြောင်း ပြမယ်!လဲ့ယ်ထျဲ ခြံတံခါးကို သော့ခတ်ပြီးနောက် လှည့်ကြည့်လိုက်တော့ ချင်မျန်ကိုပင် မမြင်ရတော့ချေ။မဆိုင်းမတွပင် ညာဘက်သို့ ပြေးလိုက်သွားခဲ့သည်။မကြာခင်မှာပဲ ချင်မျန်ရဲ့နောက်ကျောကို မြင်လိုက်ရပြီး သူ့ကို မှီသွားလေသည်။
ချင်မျန်သည် သူ့နောက်မှ ခြေသံများကို ကြားလိုက်သောအခါ အရှိန်မြင့်လိုက်၏။
လဲ့ယ်ထျဲလည်း အရှိန်ထပ်မြင့်သည်။ချင်မျန် သူ့အား တစ်ကျန်းအကွာအဝေးလောက်တွင် ချန်ခဲ့လိုက်သည်။
ချင်မျန် သူ့နှုတ်ခမ်းတွေကို ကွေးလိုက်ပြီး ပုံမှန်အရှိန်နဲ့ ရှေ့ကိုသာ ဆက်ပြေးနေခဲ့ပြီး သူနဲ့ မပြိုင်တော့ပေ။
DU LIEST GERADE
မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||
RomantikThis is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Transmigration of Mian reluctantly Becomes his man wife Original Author - LianXiNingMou Eng Translator - foxaholic Total - 222 chapt...