[93]

2.9K 462 9
                                    

[Unicode]

093 - ဟယ်ညီအစ်ကိုသုံးယောက်


ချင်မျန်သည် အခွံခွာထားတဲ့ ပုစွန်တွေ၊ ထောင်းထားတဲ့ မြေပဲတွေ၊ ဟင်းသီးဟင်းရွက် လက်တစ်ဆုပ်စာတို့နှင့်အတူ လတ်ဆတ်ပြီး အရသာရှိတဲ့ ပဲငံပြာရည် ခေါက်ဆွဲနှစ်ပွဲကို ချက်လုပ်ခဲ့သည်။ သူ တံခါးကို သော့ခတ်ပြီး ခေါက်ဆွဲပွဲ​တွေကို ကိုင်ကာ နေရာလွတ်ထဲသို့ တက်ကြွစွာ ဝင်သွားသော်လည်း လဲ့ယ်ထျဲက ထိုနေရာတွင် မရှိနေသည်ကို တွေ့လိုက်ရတော့ စိတ်ပျက်သွားသည်။ အချိန်အတော်ကြာအောင် စောင့်ပြီးသော်ငြား ထိုသူကား ပေါ်မလာသေးပေ။ ချင်မျန် ခေါက်ဆွဲနှစ်ပန်းကန်လုံးကို စားပြီး ပန်းရောင်အဖူး​လေးကို ရေအနည်းငယ်လောင်းပြီးနောက် နေရာလွတ်မှ ထွက်သွားလေသည်။

'လီ'ရာနှင့်ချီအကွာအဝေးရှိ လေးထောင့်သဏ္ဌာန်ဇရပ်တွင် လူလေးဦး၊ အုပ်စုနှစ်စုနှုန်းဖြင့် တစ်ဖက်စီတွင် နေရာယူထားသည်။ လဲ့ယ်ထျဲက​တော့ ကျောက်ခုံတန်းလျားပေါ်တွင် မျက်စိမှိတ်ထားကာ မလှုပ်မယှက် ရှိ​​နေသည်။ မျက်နှာကြမ်းအမျိုးသား၊ ဆံရှည်အမျိုးသားနှင့် လူငယ်​လေးတို့သည် လဲ့ယ်ထျဲ အိပ်စက်နေသည်ကို အနှောက်အယှက် ဖြစ်သွားစေမည့်အလား ကြောက်ရွံ့သောကြောင့် ဆိတ်ငြိမ်စွာ စားသောက်နေကြသည်။

လေးထောင့်သဏ္ဌာန်ဇရပ်၏အပြင်ဘက်မှာတော့ မြင်းလေးကောင်က မြက်ခင်းစိမ်းစိမ်းတွေကို တိတ်တဆိတ်စားနေပြီး သူတို့ရဲ့ အမြီးတွေကို ရံဖန်ရံခါ ဝှေ့ရမ်းနေ၏။ သူတို့ကို ကြည့်ရသည်မှာ အလွန်သာယာပြီး သက်တောင့်သက်သာရှိနေပုံရသည်။

နေဝင်ပြီးဖြစ်သော်ငြား အနောက်ဘက်ကောင်းကင်ယံတွင် အဝါရောင်ဖျော့ဖျော့ အရိပ်အယောင်များ ကျန်ရစ်​နေဆဲပင်။

"ခွပ်....ခွပ်....ခွပ်...”

နောက်ထပ်မြင်းခွာသံမှာ အရေးတကြီးနှင့်ပြေးလာသည့်အလား မြန်သထက်မြန်လာသည်။

ဆံရှည်အမျိုးသားက မျက်မှောင်ကြုတ်ပြီး မျက်နှာကြမ်းအမျိုးသားနဲ့ လူငယ်လေးကို သတိပေးဖို့ တိုးတိုးလေးပြောလိုက်သည်။ "အသံကိုကြည့်ရတာ လူတော်တော်များပုံရတယ်။သတိနဲ့နေ။"

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now