[75]

4.6K 805 45
                                    

[Unicode]

၀၇၅:....................

လဲ့ယ်တာချန်သည် ချောင်းအသာဟန့်ရင်း ရောက်လာခဲ့သည်။ချင်မျန်နှင့် လဲ့ယ်ထျဲတို့လည်း ရပ်လိုက်ပြီး သူ့ကို ယဉ်ကျေးစွာ နှုတ်ဆက်၏။

“အဖေ”

လဲ့ယ်တာချန်သည် အဝေးမှအုတ်စီသမားများ၏နောက်ကျောကို ကြည့်ပြီးနောက် လဲ့ယ်ထျဲကို ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်သည်။
"ဒီမှာ လုပ်အားတွေထပ်လိုသေးလား?မင်းအဖေ ငါ့မှာ ခွန်အားတွေ အများကြီးရှိသေးတယ်"

ချင်မျန် ပြော​တော့မည့်အချိန်မှာပင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခံရသော သူ့လက်မှာ အသာဆွဲခံလိုက်ရသည်။
“လူတွေ လုံလုံလောက်လောက် ရှိပါတယ်။”

ထိုသို့သော သ​ဘောထားအပြုအမူ​ကြောင့် လဲ့ယ်တာချန်မှာ ဒေါသထွက်သွားပြီး သူ့မျက်နှာမှာ အေးစက်သွားသည်။သူ သည်းခံလိုက်ပြီး “မင်းညီအငယ်ဆုံးက ခရိုင်အဆင့်စာမေးပွဲမှာဖြေဆိုမယ့်အကြောင်း မင်းသိပြီးပြီလား?မင်း ပိုက်ဆံထောက်ပံ့ပေးမယ်လို့ ပြောဖူးတယ်နော်"

ချင်မျန်က လာရင်းအ​ကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွား၏။သူ ပိုက်ဆံလာ​တောင်းတာပင်။

လဲ့ယ်ထျဲက ခေါင်းညိတ်ပြပြီး “ကျွန်တော် ပြောခဲ့ပါတယ်။ပဉ္စမမြောက်ညီ စာမေးပွဲဖြေတာတို့ ဒါမှမဟုတ် ရင် စတုတ္ထညီ၊ ပဉ္စမညီမငယ်နှင့်ညီတို့ အိမ်ထောင်ပြုမည်ဆိုရင်လည်း အ​ဖေ ပေးမယ့်​ငွေရဲ့ ငါးပုံ,ပုံ တစ်ပုံ​ပေးမယ်ဆိုတဲ့အ​ကြောင်းကို စာရွက်စာတမ်းထဲမှာ​တောင် ရေးထိုးထားပါ​သေးတယ်"

လဲ့ယ်တာချန်က ချောင်းအသာဟန့်ရင်း “အခုအခြေအနေနဲ့ တူတော့မလား?မင်းက အခု အဆင်​ပြေနေပြီမို့ ပိုက်ဆံများများပေးသင့်တယ်။မင်းရဲ့ ညီငယ်တွေကို မင်းရဲ့ဂရုစိုက်မှုကိုလည်း ပြသသင့်တယ်။”

လဲ့ယ်ထျဲက အေးစက်စက်မျက်နှာထားနဲ့ "ကျွန်တော်တို့ အဲဒီပိုက်ဆံဝေစုကို ပေးမယ့်အပြင် ပဉ္စမမြောက်ညီကိုလည်း မုန့်ဖိုးအနည်းငယ်ပေးဦးမှာပါ ဒါပေမယ့် အ​ဖေလက်ထဲကိုတော့ ကျွန်တော်တို့ ပိုက်ဆံထည့်မပေးနိုင်ပါဘူး"

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now