[13]

5.8K 881 29
                                    

[Unicode]

013 - နောက်ဆုံးတော့ မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ခွဲပြီး အိမ်ခွဲ​နေနိုင်ပြီ!

ထို့နောက် လဲ့ယ်တာချန်က “လောင်တာ့...ငါသဘောမတူဘူး။ဒီထက် ပို​ကောင်း​အောင် မ​​တွေးတတ်​တော့ဘူးလား?တကယ်ထွက်သွားခဲ့ရင်ရော ဘယ်မှာနေကြမှာလဲ?တောအုပ်ထဲမှာလား? တော်ပြီ...ဒီအကြောင်းကို ဆက်မပြောနဲ့တော့!"
အဲဒါနဲ့ပဲ သူ ထွက်သွားရန် ထလိုက်သည်။

လဲ့ယ်ထျဲက သူ့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး သာမန်ကာလျှံကာ ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက ကျွန်တော် ထွက်သွားခဲ့တယ်။နောက်ဆယ်နှစ်ကြာသွား​တော့လည်း ကျွန်တော် ထပ်ပြီး ထွက်မသွားနိုင်ဘူးလို့ ထင်​နေတာလား?”

လဲ့ယ်တာချန်၏မျက်နှာသည် အ​တော်​လေး ပြောင်းလဲသွားပြီး သူ့ဘေးတွင် ချထားသည့် လက်တွေပင် အနည်းငယ်တုန်သွားသည်။

"မင်း!"

"လောင်တာ့!"
တုရှီသည် သူမ၏ဒေါသကို မထိန်းနိုင်တော့ပေ။
"နင့်အဖေကို အလေးအနက်မထားတာလား?ဟမ်?ဒါသားသမီးတာဝန် မ​ကျေပွန်တာပဲ!"

လဲ့ယ်ထျဲက သူမကို ကြည့်ပြီး ပြောလိုက်သည်။ “ကျွန်တော်က သားသမီးဝတ္တရားမ​ကျေပွန်ဘူးပေါ့;
ကျွန်တော် အရိုက်ခံအဆဲခံရတုန်းက အ​မေ့ကို ကျွန်တော် ပြန်ခံမလုပ်ခဲ့ဘူး။ကျွန်​တော်က သားသမီးဝတ္တရားမ​ကျေပွန်ဘူး;ကျွန်တော်ကို ဝက်ခြံဘေးမှာ နေခိုင်းခဲ့တယ်။ကျွန်တော် ကန့်​ကွက်​တာတွေ မရှိခဲ့ဘူး။ကျွန်တော်က သားသမီးဝတ္တရားမ​ကျေပွန်ဘူး;ဗေဒင်ဆရာတစ်​ယောက်ဆီက စကားတစ်ခွန်းကြောင့်နဲ့ ယောက်ျားတစ်ယောက်ကို လက်ထပ်ခဲ့ရတယ်"

သူက လဲ့ယ်တာချန်ကို တစ်ဖန်ပြန်ကြည့်ကာ "ကျွန်တော် မေးချင်နေခဲ့တာကြာပြီ၊ကျွန်​တော်က အ​​ဖေ့ရဲ့သားအရင်းလား?"

ဒါကိုကြားရတာ အပြင်လူတစ်ယောက်အနေနဲ့ ချင်မျန်တောင်မှ လဲ့ယ်ထျဲကို သနားပြီးကိုယ်ချင်းစာမိသည်။

လဲ့ယ်တာ့ချန်က ပါးစပ်ဟလိုက်သော်လည်း စကားပြန်မပြောနိုင်​ပေ။သူသည် လဲ့ယ်ထျဲ၏မျက်လုံးတွေကိုပင် မကြည့်ဝံ့။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now