[94]

2.6K 421 9
                                    

[Unicode]

094 – အိမ်ပြန်လာပြီ

လဲ့ယ်ထျဲက "သစ္စာရှိရမယ်” လို့ ပြန်ဖြေတဲ့ ဆယ်​ကျော်သက် စုစုပေါင်း ဆယ့်လေးယောက်ကို ဖယ်​ခေါ်ထားလိုက်သည်။

"ကျန်တဲ့လူ​တွေကို ပြန်​ခေါ်သွားလိုက်" သူ​ဌေးက ဝန်ထမ်းလေးကို ပြောလိုက်၏။

လဲ့ယ်ထျဲ မတ်တပ်ထရပ်ပြီး ဆယ်ကျော်သက်လူငယ်ဆယ့်လေးယောက်ကို ပြောလိုက်သည်။ "ငါ နည်းနည်းလေး လုပ်ပြမယ်။ မင်းတို့ နောက်ကနေ လိုက်လုပ်ကြည့်မယ်"

သူ လက်ဝှေ့၏ပထမဆုံးလှုပ်ရှားမှု အ​ရွေ့ဆယ်ကွက်ကို သရုပ်ပြခဲ့သည်။

ဆယ်ကျော်သက်လူငယ်လေးဆယ့်လေးယောက်မှာ နားမလည်နိုင်စွာ ကြည့်နေကြသည်။ထို့​နောက် အလွန်သန့်သန့်ပြန့်ပြန့်ရှိသည့် ဆယ်ကျော်သက်လေးတစ်ဦးက ပထမဆုံး ထွက်လာပြီး လှုပ်ရှားမှု အ​ရွေ့ဆယ်ကွက်ကို သပ်ရပ်စွာ ပြခဲ့သည်။ သူ့လှုပ်ရှားမှုတွေက စံနမူနာကောင်းမဟုတ်တာကလွဲလို့ အမှားအယွင်းမရှိသလောက်ပါပဲ။ နောက်တော့ ကျန်တဲ့သူတွေလည်း တယောက်ပြီး တယောက် ပြန်လည်သရုပ်ပြခဲ့သည်။

လဲ့ယ်ထျဲသည် အကွက်ထက်ဝက်ကျော်ကို မှတ်မိနိုင်တဲ့ ဆယ်​ကျော်သက် လူငယ်​လေး ကိုး​ယောက်ကို ဝယ်မည့်အ​ကြောင်း သူ​ဌေးကို အရိပ်အမြွက်ပြလိုက်သည်။

သူ​ဌေးက အလျင်အမြန်ရောက်လာပြီး "လူကိုးယောက်၊ တစ်ယောက်ကို ငွေ ၈ ချောင်းစီပါ”

လဲ့ယ်ထျဲ ခေါင်းညိတ်လိုက်သည်။ 100 တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ယူလိုက်ပြီး သူ​ဌေးထံ ပေးခဲ့သည်။

"ဝယ်ယူမှုအတွက် ကျေးဇူးတင်ပါတယ်" သူ​ဌေးက ငွေစက္ကူကို လက်ခံရရှိပြီး ငွေ ၂၈ ချောင်းကို ပြန်အမ်းခဲ့၏။

လဲ့ယ်ထျဲက ငွေ​ချောင်း ၂ ချောင်းကို ထပ်ထုတ်ပေးပြီး "လူဆယ်ယောက်အတွက် နှစ်ရက်စာ ရိက္ခာဝယ်ပေးပြီး အမြန်ရထားလုံးနှစ်စင်း ငှားပေးပါ”

သူ​ဌေးက ပြောလိုက်သည်။ "စိတ်ချပါ သခင်​လေး။ ကျုပ်တို့ အဲဒါတွေကို လုံလောက်စွာ ပြင်ဆင်ပေးပါ့မယ်။”

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now